ရိုက်တာသတင်းထောက် နှစ်ဦးကို ရုံးထုတ်ရမန်ယူ


2017.12.27
reuters-reporters-622.jpg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
Photo: Htet Arker/ RFA

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ဒီကနေ့ မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။

မီဒီယာကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တာမရှိဘူးလို့ ကိုဝလုံး က ဒီကနေ့ တရားရုံးထုတ်မှာ ပြောခဲ့ပါတယ်။

"အမှန်တရားအတိုင်း ကျနော်တို့ မီဒီယာကျင့်ဝတ်နဲ့အညီ ဖြေရှင်းသွားမှာပါ၊ ကျနော်တို့ကို CID ရုံးထဲမှာ ထိန်းသိမ်းထားတာပါ ၊ ကျနော်တို့ ဘယ်တုန်းကမှ သတင်းမီဒီယာကျင့်ဝတ်ကို မချိုးဖောက်ခဲ့ပါဘူး"

လက်ရှိမှာ သူတို့နှစ်ဦးကို မှုခင်းရဲတပ်ဖွဲ့ CID မှာ ထိန်းသိမ်းထားပြီး ရိုက်နှက်စစ်ဆေးတာ မရှိကြောင်း လည်း ပြောခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးဟာ ဖမ်းဆီးခံရပြီး နောက် ၁၅ ရက်အကြာ ဒီကနေ့မှာ မိသားစုနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံခွင့်ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထပ်မံရုံးထုတ်မှာဖြစ်ပါတယ်။

ဒီကနေ့ ရုံးထုတ်ကိုလာရောက်တဲ့ သတင်းသမားအများစုဟာ သတင်းထောက်နှစ်ဦး ဖမ်းဆီး ခံရတဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အနက်ရောင်တီရှပ်တွေ ဝတ်ဆင်ပြီး သတင်းယူခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။