သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-28
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်နယ် ဂျုံးနောရွာအတွင်းကို ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်ဆံတွေ ကျတာကြောင့် အသက်ရှစ်နှစ်အရွယ် ကျောင်းသား တစ်ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။
2018-06-28
ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ ဖိတ်ကြားချက်ကို မြန်မာဘက်က ငြင်းဆိုလိုက်ပါတယ်။
2018-06-28
ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကန့်သတ်ချိုးဖောက်ထားတဲ့စနစ်တွေကို ဖျက်သိမ်းပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၂ဝ၁၈ ဇွန်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အစည်းအဝေးမှာ တောင်းဆို လိုက်ပါတယ်။
2018-06-28
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က ဂူကြီး အတွင်း ပျောက်ဆုံးနေတဲ့ လူငယ်တွေကို ရှာဖွေနေပုံနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကရင်အမျိုးသား မီဒီယာ တာဝန်ခံ မန်းမျိုးမြင့် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2018-06-27
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ယန်ဟီးလီက မြန်မာပြည်မှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့တဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးဖို့ အလေးအနက် ထောက်ခံတင်ပြခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
2018-06-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းမယ်လို့ ပြောဆို ခဲ့ကြောင်း Bangkok Post မှာ ရေးသားထားတာ မှားယွင်းတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2018-06-27
၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်နိုင်ရေးအတွက် အစိုးရက ကြိုးစားနေပါတယ်။
2018-06-27
ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို ဒီအစိုးရသက်တမ်းအတွင်း ပိတ်သိမ်းနိုင်ရေးအတွက် အစိုးရက ကြိုးပမ်းနေပါတယ်။
2018-06-27
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးပေါင်းပြီး တရားဝင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်တွေအဖြစ် စပြီး မှတ်ပုံတင်ပေးနေပါတယ်။
2018-06-27
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်က Impak Gear Myanmar စက်ရုံမှာ လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေးတွေကို အစိုးရက ပြဋ္ဌာန်းထားတဲ့ အတိုင်း မပေးတဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြနေကြတာ ၂ ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။
2018-06-27
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားတွေ ရထားတယ်လို့ AI လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2018-06-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ မြေစာပုံပြိုတာမျိုးလို မဟုတ်ဘဲ လွန်ခဲ့တဲ့သုံးလေးရက်က စလို့ အပေါ်ကနေ မြေသားတွေ ရွေ့လျားဆင်းလာတဲ့အတွက် အိမ်တွေပြောင်းရွှေ့ခဲ့ရပါတယ်။
2018-06-27
“၁၉၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာ ဥပဒေ” ကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး အဆိုပြုချက်ကို အကောင်အထည်ဖော်လို့ မရနိုင်သေးကြောင်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အနောက်တိုင်းသံတမန်တွေကို ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားလိုက်ပါတယ်။
2018-06-27
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင် တွေရဲ့ အခွင့်အရေးကို ကန့်သတ် ချိုးဖောက်ထားတဲ့ စနစ်ကို ဖျက်သိမ်းဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။
2018-06-27
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းမယ်လို့ ပြောခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။