ဝါးတရာစက်မှုဇုန် အလုပ်သမားဆန္ဒပြပွဲ


2018.06.27

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က Impak Gear Myanmar စက်ရုံမှာ လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေးတွေကို အစိုးရက ပြဋ္ဌာန်းထားတဲ့အတိုင်း မပေးတဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြနေကြတာ ၂ ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ အဲဒီထဲက အလုပ်သမားခေါင်းဆောင် ၅ ယောက်ကိုလည်း အလုပ်ထုတ်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အလုပ်ထုတ်ခံထားရတဲ့ခေါင်းဆောင်တွေထဲက ကိုထက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။