သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-27
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁- ရာစုပင်လုံ တတိယနေ့ အစည်းအဝေးမှာ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်... စတဲ့ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါတယ်။
2017-05-27
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2017-05-27
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါ တယ်။
2017-05-27
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးဝင်းထဲမှာရှိတဲ့ ကေတီဗွီ၊ နိုက်ကလပ် စတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိတ်သိမ်းခိုင်းထားပေမယ့် ဆိုင်တချို့က ဒီကနေ့ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဖွင့်နေပြီဖြစ်ပါတယ်။
2017-05-26
ရှေ့နေ ဦးကိုနီကို လုပ်ကြံသူ ကြည်လင်းကို လိုက်လံဖမ်းဆီးရင်း ထပ်မံပစ်သတ်ခံရတဲ့ အငှားယဉ်မောင်းသူ ဦးနေဝင်းရဲ့ မိသားစု ရှေ့နေ ဦးရောဘတ် စန်းအောင်က နောက်တိုး တရားခံ ၄ ဦး ထပ်မံထည့်သွင်းဖို့ ခရိုင်ဥပဒေအရာရှိနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2017-05-26
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ကန့်သတ်ချက်တွေဟာ ရင့်သီးလွန်းပြီး တိုင်းရင်း သားတွေအတွက် အကျိုးရှိမယ့် ညီလာခံမဟုတ်ဘူး လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက သုံးသပ်လိုက်ပါတယ်။
2017-05-26
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် မှန်ကန်တဲ့ စေတနာရှိတယ်ဆိုရင် ဘယ်တိုင်းရင်း သားမှ ခွဲထွက်ချင်မှာ မဟုတ်တဲ့အတွက် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်ဟာ ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ ကွဲလွဲနေတယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။
2017-05-26
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဆဲဆို ပုတ်ခတ်တာတွေ ရေးသားတဲ့ မစန္ဒီမြင့်အောင်ကို ပဲခူး မြို့နယ် တရားရုံးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အရ အလုပ်နဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2017-05-26
နေပြည်တော်ကောင်စီနယ်မြေမှာ ပြုလုပ် ခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးဖို့ တောင်း ဆိုဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေထဲက ထောက်ပံ့ကြေး မရသူတွေ နဲ့ နေရပ်ပြန်ဖို့ ငွေကြေး အခက်အခဲဖြစ်ခဲ့သူ အယောက် ၁၀၀ ကျော်လောက်က ဝန်ကြီးဌာနကို အကြောင်းကြားလာတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေး မှုဝန်ကြီးဌာနက ပြောပါတယ်။
2017-05-26
ယူနိုက်တက်အမရဘဏ်မှာ ဘာသာရေး အဖွဲ့အစည်းတွေ ငွေကြေးအပ်နှံထားမှု ရှိတယ်ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ က နေပြည်တော်မှာ သတင်းထောက်တွေကို ဖြေကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယူနိုက်တက်အမရဘဏ်ဘက်ကို ဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။
2017-05-26
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်မှာ အသေးစားစက်မှုလက်မှု ရပ်ကွက် ထူထောင်ဖို့ သိမ်းဆည်းထားတဲ့ လယ်ယာတွေအတွက် လျော်ကြေးယူကြဖို့ အစိုးရဘက်က ကမ်းလှမ်းတာကို တောင်သူတွေဘက်က ငြင်းဆိုလိုက် ပါတယ်။
2017-05-26
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အခွန်ဦးစီးဌာနဆိုပြီး လားရှိုးမြို့က ဟိုတယ် ၉ လုံးရဲ့ ပိုင်ရှင်တွေကို ရန်ပုံငွေထည့်သွင်း ဖို့ သတိပေးအကြောင်းကြားစာတွေပေးပို့ထားတာနဲ့ ပတ် သက်ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က လားရှိုးမြို့ အတွက် အထူးလုံခြုံရေးတွေ ချထားတယ်လို့ သိရပါ တယ်။
2017-05-26
ချင်းပြည်နယ်က အမျိုးသမီးနဲ့ ကလေးငယ် အများစုပါတဲ့ လူပေါင်း ၃၃၈ ယောက် ဟာ ဒေသမတည်ငြိမ်မှုကြောင့် နယ် စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ထွက်ပြေးခိုလှုံ လာတဲ့အတွက် အာသံရိုင်ဖယ်တပ်က ကူညီစောင့်ရှောက် ထားပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး သူတို့ကို မူလဒေသဆီ မေလ ၂၄ ရက်နေ့မှာ ပြန်ပို့လိုက်ပြီ လို့ သိရပါတယ်။
2017-05-26
မလေးရှားနိုင်ငံ ပီနန်းမြို့ကနေ မြန်မာနိုင်ငံ မြိတ်မြို့ကို ခုတ်မောင်းလာတဲ့ အောင်စိန်မြတ် ကုန်တင်စက်လှေ တစင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့နားက ရာချာနွိုင်ကျွန်းနားမှာ ဗုဒ္ဓဟူးနေ့လည်က မုန်တိုင်းမိပြီး လှိုင်းလေကြီးလို့ နစ်မြုပ်လုဆဲဆဲမှာ သင်္ဘောသားတွေကို ထိုင်းငါးဖမ်းသင်္ဘောတစ်စင်းက ကယ်ဆယ်လိုက်တယ်လို့ သိရပါတယ်။
2017-05-26
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ အခုလ၁၁ရက်ကစတင်ပြီး တပ်မတော် RCSS/SSA နဲ့TNLA တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး အချို့နေရာတွေမှာ စစ်ရေးတင်းမာမှု တွေပါ ရှိနေတာကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စိုက်ပျိုးရာသီ မှာ နေရပ်ပြန်နိုင်ဖို့နဲ့ ကျောင်းဖွင့်ရာသီ ကလေးတွေ ကျောင်းတက်နိုင်ရေး အခက်ခဲရှိနေပါတယ်။