လားရှိုးဟိုတယ်တွေကို TNLA ဆက်ကြေးကောက်တဲ့အကြောင်း မေးမြန်း
2017.05.26
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အခွန်ဦးစီးဌာနဆိုပြီး လားရှိုးမြို့က ဟိုတယ် ၉ လုံးရဲ့ ပိုင်ရှင်တွေကို ရန်ပုံငွေထည့်သွင်းဖို့ သတိပေးအကြောင်းကြားစာတွေ ပေးပို့ထားတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က လားရှိုးမြို့အတွက် အထူးလုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ တစ်ဦးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။