အိန္ဒိယက ချင်းလူမျိုးတွေ မြန်မာပြည်ပြန်ပို့
2017.05.26
ချင်းပြည်နယ်က အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ လူပေါင်း ၃၃၈ ယောက်ဟာ ဒေသမတည်ငြိမ်မှုကြောင့် နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံလာတဲ့အတွက် အာသံရိုင်ဖယ်တပ်က ကူညီစောင့်ရှောက်ထားပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး သူတို့ကို မူလဒေသဆီ မေလ ၂၄ ရက်နေ့မှာ ပြန်ပို့လိုက်ပြီလို့ သိရပါတယ်။
အဲဒီဒေသကို ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အတွက် ရွာသားတွေက စစ်ဖြစ်မှာ စိုးရိမ်ပြီး ထွက်ပြေးကြတာလို့ ဆိုပါတယ်။ ရောက်လာတဲ့သူတွေကို ဆေးတပ်ဖွဲ့နဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေး အဖွဲ့ပါတဲ့ အာသံရိုင်ဖယ်တပ်က ကူညီခဲ့ပြီး၊ လုံလုံခြုံခြုံနဲ့ စိတ်အေးအေးထားပြီး ပြန်နိုင်အောင်စီစဉ်ပြီးမှ မြန်မာ ဘက်ကို ပြန်လွှဲပေးလိုက်တာလို့ သိရပါတယ်။