ဦးကိုနီ လုပ်ကြံမှု နောက်တိုးတရားခံ ထည့်ဖို့ တင်ပြ


2017.05.26

ရှေ့နေ ဦးကိုနီကို လုပ်ကြံသူ ကြည်လင်းကို လိုက်လံဖမ်းဆီးရင်း ထပ်မံပစ်သတ်ခံရတဲ့ အငှားယဉ်မောင်းသူ ဦးနေဝင်းရဲ့ မိသားစု ရှေ့နေ ဦးရောဘတ် စန်းအောင်က နောက်တိုး တရားခံ ၄ ဦး ထပ်မံထည့်သွင်းဖို့ ခရိုင်ဥပဒေအရာရှိနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လူသတ်မှုမှာအသုံးပြုတဲ့ ပစ္စတိုသေနတ်ကနေ အမှုကိုခြေရာခံဖို့လည်း သူကတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဦးရောဘတ် စန်းအောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။