သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-26
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်တာကို ၈ဝ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်ပေမယ့် မီးခိုးတွေမထိန်းနိုင်သေးတဲ့အတွက် ထိုင်းနိုင်ငံက Biofoam မီးသတ်ဆေးတွေကို မှာယူထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2018-04-26
တပ်မတော် အရာရှိ ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို တရားမဝင်ကားတင်သွင်းတဲ့အတွက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားပါတယ်။
2018-04-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး အမှုတွေအပါအဝင် NLD ပါတီက အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် အသက် ၈၆ နှစ်အရွယ်ရှိ ရှေ့နေ ဦးကြည်ဝင်းဟာ မနေ့က မနက်အစောပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
2018-04-26
မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက်ဖို့ရှိတဲ့ ဗြိတိသျှ ဒုတိယတန်းကလပ်က Leeds ဘောလုံးအသင်းကို နိုင်ငံရေးသမားများ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် တာကြောင့် ဘောလုံးအသင်းပိုင်ရှင်က ဒီခရီးစဉ်ကြောင့် အကောင်းဘက် ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်လို့ ပြန်လည်ခြေပပါတယ်။
2018-04-26
နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF က၊ ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့ သတင်းလွှတ်လပ်ခွင့် ညွှန်းကိန်းကို ဧပြီလ ၂၅ရက်နေ့၊ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၃၇ ဖြစ်ပြီး မနှစ်ကထက် ၆ ဆင့် ပိုပြီး နိမ့်ဆင်းသွားပါတယ်။
2018-04-26
ဥရောပနိုင်ငံများအဖွဲ့ EU ရုံးဆိုက်ရာ ဘရပ်ဆဲလ်မြို့က မနေ့က လာတဲ့သတင်းအရ မြန်မာနိုင်ငံ အပေါ် လက်နက်ရောင်းဝယ်မှုပိတ်ပင်တဲ့ ပြဌာန်းချက်ကို EU ကနောက်ထပ်တနှစ် သက်တမ်းတိုးမယ်လို့ သိရပါတယ်။
2018-04-26
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်တင်း ရှယာနာ ဘာဂနာ (Christine Schraner Burgener) ကို ခန့်အပ်ပါလိမ့်မယ်။
2018-04-26
ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် တနင်္လာနေ့ ရောက်ရှိပါလိမ့်မယ်။
2018-04-26
ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ၇ နှစ်ကြာ စစ်ပွဲအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစိုးရ တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ကချင်အရပ်ဖက်အဖွဲ့အစည်း ၃၂ ခုက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-04-25
ရိုက်တာ သတင်းထောက် ၂ ဦးအမှုမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရတဲ့ သက်သေအဖြစ် ကြေညာပေးဖို့ တရားရုံးကို အစိုးရရှေ့နေတွေက လျှောက်ထားတာနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဒီနေ့ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် ပေးကြပါတယ်။
2018-04-25
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၀၀ လောက်နဲ့ ငြိမ်းသတ်နေရပြီး မီးသတ်သမားတချို့ကို အောက်ဆီဂျင်ပေးနေရတဲ့ အခြေအနေတွေ ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။
2018-04-25
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေးကော်မရှင်နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ လွိုင်ကော်မြို့မှာ ၂ ရက်ကြာ တရားဝင်တွေ့ဆုံဆွေးနွေးကြမယ့်အကြောင်းနဲ့ ပတ်သက်လို့ KNPP ငြိမ်းချမ်းရေးကော်မရှင် ပြောခွင့်ရသူ နဲနယ်ပလိုး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
2018-04-25
(၅) ရက်နီးပါးခန့်ရှိနေပြီဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံမီးကြောင့် လှိုင်သာယာအပါဝင် အနီးဝင်းကျင်က မြို့နယ်တွေမှာ မီးခိုးငွေ့တွေနဲ့ ဆိုးဝါးတဲ့ ညှော်နဲ့တွေကြောင့် ကျန်းမာရေး ထိခိုက်လာနေတဲ့အထိ ကြုံနေကြရပါတယ်။
2018-04-25
ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်အတွင်း အာရှ ပစိဖိတ်ဒေသက ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ သတင်းမီဒီယာ ထိန်းချုပ်မှုပုံစံ ခြိမ်းခြောက်ခံနေရတယ်လို့ RSF ခေါ် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က သတိပေးလိုက်ပါတယ်။
2018-04-25
တရုတ်နိုင်ငံရဲ့ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေးရဲ့ တာဝန်ရှိသူတွေဟာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နဲ့ လွှတ်တော်ကော်မတီကို မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။