ထိန်ပင်မီး ငြှိမ်းသတ်နေမှု အခြေအနေနဲ့ မေးမြန်းချက်
2018.04.25
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၀၀ လောက်နဲ့ ငြိမ်းသတ်နေရပြီး မီးသတ်သမားတချို့ကို အောက်ဆီဂျင်ပေးနေရတဲ့ အခြေအနေတွေ ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။
ဦးဝင်းနိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။