သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-29
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ အဆိုပြုထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ကန့်ကွက်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော် မှာ တင်ပြခဲ့ပေမယ့် အဆိုကို ပယ်ချလိုက်ပါတယ်။
2016-03-28
ဥပဒေ လေးစားလိုက်နာမှု အားနည်းတာနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေဟာ ဗရမ်းဗတာဒီမိုကရေစီကို ဦးတည်သွားစေနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2016-03-28
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်... စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် ဝန်ကြီးချုပ် အမည်စာရင်းတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကို သမ္မတသစ် ဦးထင်ကျော်က ဒီနေ့ တင်ပြလိုက်ပါတယ်။
2016-03-28
မတ်လ ၂၈ ရက် ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့တာကြောင့် ရခိုင်အမျိုးသားပါတီ ANP လွှတ်တော် ကိုယ်စားလှယ်တွေက အစည်းအဝေး ခန်းမထဲကနေ အားလုံးထွက်ခွာပြီး သပိတ်မှောက်ခဲ့ကြပါတယ်။
2016-03-28
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့က ရေထွက်ဦးပန်းခြံအတွင်းမှာ နှစ်ထပ်ဈေးအသစ် တည်ဆောက်နေတာကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး အစိုးရကို တင်ပြသွားမယ်လို့ ကွတ်ခိုင်မြို့က ဒေသခံတွေက ပြောပါတယ်။
2016-03-28
ပြည်သူလူထု စိတ်မပျက်ကြရအောင် မြို့နယ်အသီးသီးမှာ တာဝန်ကျေကျေ ပွန်ပွန်ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ဒီနေ့ တိုက်တွန်း မှာကြားလိုက်ပါတယ်။
2016-03-28
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီ ကိုယ်စားလှယ် ဦးညီပုကို အဆိုပြု ထားကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ က ဒီနေ့ ကြေညာနေစဉ်မှာ ANP ပါတီလွှတ်တော် ကိုယ်စား လှယ်အားလုံးဟာ အစည်းအဝေးမပြီးခင် ခန်းမထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
2016-03-28
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြု လုပ်ပြီး ဖေ့ဘွတ်စ်မှာ ဖေါ်ပြခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ကန်ကြီးထောင့်မြို့နယ် တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို တရားရုံးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထောင်ဒဏ် ၆ လ စီရင်ချမှတ်လိုက်ပါတယ်။
2016-03-28
နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ၁၄ ဦးကို အဆိုပြုရာမှာ ဒီကနေ့ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင် ၊ ရှမ်း စတဲ့ လွှတ်တော်တွေမှာ ဝန်ကြီးချုပ် ၆ ဦးကို အတည်ပြု လိုက်ပါတယ်။
2016-03-28
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်အဖြစ် လျာထားခံရသူ ၂ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်ကြောင်း ဒီကနေ့ အဆိုတင်သွင်းရာမှာ အဲ့ဒီလို ကန့်ကွက်တာကို လွှတ်တော်မှာ ဆွေးနွေးဖို့ မသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။
2016-03-28
လာမယ့် မတ်လ ၃ဝ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေက ကတိသစ္စာပြုကြပြီး သမ္မတ ဦးထင်ကျော် က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
2016-03-28
ရန်ကုန်တိုင်းမြို့ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး NLD နာယက သူရဦးတင်ဦးကို RFA ဦးတင်အောင်ခိုင်က မေးမြန်းထား ပါတယ်။
2016-03-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ပါတီကို ပါဝင်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့က ငြင်းပယ်လိုက် ပါတယ်။
2016-03-27
အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးပြီး တစ်နှစ်ကျော်အကြာမှာ ကျိုက်မရော မြို့မရဲစခန်းက ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ကို မှားယွင်းမှုနဲ့ ဆိုပြီး အမှုကိုပိတ်သိမ်းလိုက်ပါတယ်။
2016-03-27
လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ကိစ္စနဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား အဖွဲ့တွေ အချင်းချင်းကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် 'ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ဆွေးနွေးပွဲကျင်းပနေပါတယ်။