သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-26
လာမယ့် မတ်လ ၇ ရက်နေ့မှာ စတင်မယ့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းလွှာတွေကို ကချင်ပြည်နယ်က စာစစ်ဋ္ဌာန ၆၆ ခုက တာဝန်ရှိတဲ့ ပညာရေးဝန်ထမ်းတွေဟာ လုံခြုံရေး အစီအမံတွေနဲ့ ထုတ်ယူသယ်ဆောင်နေကြတယ်လို့ ကချင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး က ပြောပါတယ်။
2018-02-26
ကိုကာကိုလာ စက်ရုံကနေ အလုပ်သမားတွေ ရာချီပြီး အလုပ်ထုတ်ခံရပြီးတဲ့ နောက်ပိုင်းမှာ ကုမ္ပဏီမှာ ကျန်နေတဲ့ တခြားဝန်ထမ်းတွေကလည်း အလုပ်ထုတ်ခံရမှာကို စိုးရိမ်နေကြတာကြောင့် လုပ်ငန်းခွင်မှာ တည်မြဲမှုရှိရေးအတွက် ဒီကနေ့ မှော်ဘီမြို့နယ်က အားကစားကွင်းမှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-02-26
ချက်ချင်းလက်ငင်း တည်ဆောက်လို့ မရတဲ့ မြို့ပြယဉ်ကျေးမှုတွေ ခန့်ခန့်ထည်ထည်ဖြစ်လာပြီးမှ ပြိုလဲရတဲ့အထဲ မိုးခေါင်လို့ ပြိုလဲရတဲ့ သမိုင်း မှတ်တမ်းတွေ ရှိတဲ့အကြောင်းနဲ့ တောင်အာဖရိက နိုင်ငံ ကိတ်တောင်းမှာ လောလောဆယ် ကြုံတွေ့နေရတဲ့ ရေပြဿနာဟာ ကမ္ဘာ ကို ခေါင်းလောင်းထိုး အချက်ပေးလိုက်တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2018-02-25
ထိုင်းနိုင်ငံရဲ့ အစိုးရအာဏာပိုင်အရာရှိတွေ အတော်များများတက်ရောက်တဲ့ နိုင်ငံတကာ ကောလိပ် တစ်ခုဖြစ်တဲ့ National Institute of Development Administration (NIDA) က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပညာရေး မိတ်ဆက်ပြပွဲကို ဒီကနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2018-02-25
ဘင်္ဂလားဒေ့ရှ် အစိုးရက ပေးပို့တဲ့ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေစာရင်း အချက်အလက်တွေထဲမှာ ပြန်လာမယ့်သူတွေကိုယ်တိုင် လက်မှတ်ရေးထိုးရမယ့် ခံဝန်ချက်တွေ မပါရှိတာကြောင့် ပြင်ဆင်ပြီး ပြန်ပို့ပေးဖို့ အကြောင်းကြားထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ဒီနေ့ ပြောပါတယ်။
2018-02-25
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နုတ်ထွက်ခြင်းမရှိဘဲ ဆက်ရှိနေမှာဖြစ်သလို NCA လမ်းကြောင်းအတိုင်း အစိုးရနဲ့ ဆက်လက်ညှိနှိုင်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-02-25
မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဒုတိယအကြိမ် ကျင်းပမှာကို ကန့်ကွက်ကြောင်းနဲ့ မူလရွေးချယ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အတည်ပြု ခန့်အပ်ပေးဖို့ ဒီနေ့ ဒေသခံ ၂၀၀ လောက်က ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-02-25
လုပ်ငန်းခွင် အာမခံချက် ခိုင်မြဲဖု့ိအတွက်ဆိုပြီး ကိုကာကိုလာစက်ရုံက အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားတွေ စုစုပေါင်း ၂၀၀ နီးပါးဟာ ဒီကနေ့ မှော်ဘီမြို့နယ် အားကစားကွင်းမှာ ဆန္ဒပြကြပါတယ်။
2018-02-24
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "၂၀၁၈ ပြည်ထောင်စုအခွန်ဥပဒေ (ကြမ်း) နဲ့ သိထားသင့်သည့် အခွန်များ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2018-02-24
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်းက ဒေသန္တရလက်လုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။
2018-02-24
ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေပြန်လာမယ့် မွတ်စလင်တွေကို ရခိုင်ပြည်နယ် မောင်တောတောင် ပိုင်းဒေသမှာ ပြန်လည်နေရာချထားမယ့် အစီအစဉ်ကို လက်ခံမှာမဟုတ်ကြောင်း ရခိုင်တပြည်နယ် လုံးက လူမှုအဖွဲ့အစည်းတွေက စစ်တွေမြို့မှာ ဒီနေ့ဆွေးနွေးပြီး ဆုံးဖြတ်လိုက်ကြပါတယ်။
2018-02-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် ပါတီညီလာခံကို ဒီနှစ်အတွင်း ကျင်းပဖို့ စီစဉ်မယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီနေ့ ပြောပါတယ်။
2018-02-24
သက်ငယ်မုဒိမ်းဖြစ်ပွားမှု လျော့နည်းပပျောက်ရေးအတွက် မန္တလေးမြို့မှာ ပရဟိတအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဒီနေ့ အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
2018-02-24
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ကျောက်မဲမြို့နယ်အကြား နောင်ပိန်ကျေးရွာနဲ့ ဂုတ်တွင်း လမ်းပိုင်း မိုင်တိုင်အမှတ် ၈၉ အနီးမှာ ဒီကနေ့မနက် နှစ်နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ကျွဲနဲ့ နွားတွေ တင်ဆောင်လာတဲ့ ကားတန်းကို ပစ်ခတ်တာကြောင့် ကားပေါ်ပါလာတဲ့ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နောင်ပိန်နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-02-24
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် ခြံဝနဲ့ အဲဒီအနီးက ပြည်နယ်မြေစာရင်းရုံးရှေ့မှာ ဒီနေ့မနက် ၄ နာရီကျော်အချိန်က မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။