NIDA ကောလိပ်ရဲ့ ပထမဆုံးအကြိမ် ပညာရေး မိတ်ဆက်ပွဲကျင်းပ


2018.02.25
nida-college-622.jpg NIDA ကောလိပ် ပညာရေး မိတ်ဆက်ပြပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပစဉ်
Photo: Thant Zin Oo/ RFA

ထိုင်းနိုင်ငံရဲ့ အစိုးရအာဏာပိုင်အရာရှိတွေ အတော်များများတက်ရောက်တဲ့ နိုင်ငံတကာ ကောလိပ်တစ်ခုဖြစ်တဲ့ National Institute of Development Administration (NIDA) က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပညာရေး မိတ်ဆက်ပြပွဲကို ဒီကနေ့ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

NIDA ကောလိပ်မှာ ကျောင်းတက်ရင်း ထိုင်းနိုင်ငံမှာ အလုပ်အကိုင် အတေ့ွအကြုံ ရယူနိုင်တယ်လို့ အဲဒီကောလိပ် မှာ ကျောင်းတက်ပြီး Ph.D ဘွဲ့ရရှိထားတဲ့ UN အဖွဲ့အစည်း Economic and Social Commission for Asia and the Pacific(ESCAP) ရဲ့ အကြံပေး ဒေါက်တာ နေလင်းဦးက ပြောပါတယ်။

"ဒီမှာလာမိတ်ဆက်ရင်းနဲ့ တချိန်တည်းမှာပဲ မြန်မာ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းတက်ဖို့ အခွင့်အလမ်း ဖန်တီးဖို့အတွက်ကို ရည်ရွယ်ထားပါတယ်လို့ သိရပါတယ်၊ တချိန်တည်းမှာပဲ ဘန်ကောက် မှာက သိတဲ့အတိုင်းပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ အများကြီးရှိကြပါတယ်၊ တကယ်လို့ ကျောင်းသွား တက်မယ်ဆိုရင်လည်း သူ့တို့ အဖွဲ့အစည်းတွေမှာ အခွင့်အလမ်းတွေ အများကြီးရနိုင်ပါတယ်၊ ဘာလို့ လဲဆိုတော့ သွားနေရင်းနဲ့ တချိန်တည်းမှာပဲ အလုပ်အကိုင် အတွေ့အကြုံကို ယူလို့ရပါတယ်"

ဒီကနေ့ မိတ်ဆက်ပွဲကို တက်ရောက်တဲ့ မြန်မာ ကျောင်းသားတွေထဲက NIDA ကောလိပ်ကို စိတ်ဝင်စားသူတွေကို ၂ နာရီကြာ အခမဲ့ TOEFL စစ်ဆေးပေးပြီး ငွေကျပ် သိန်း ၄၀၀ ရရှိမယ့် ပညာသင် ထောက်ပံ့ရေး အစီအစဉ်တွေ ကိုလည်း ရှင်းပြခဲ့ပါတယ်။

NIDA ကောလိပ်မှာ ဘာသာရပ် ၁၀၀ နီးပါးရှီပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားတာဖြစ်ပါတယ်။

ကျောင်းစရိတ်ကတော့ Master တက်မယ်ဆိုရင် အမေရိကန် ဒေါ်လာ တစ်သောင်းနီးပါး ကုန်ကျမှာဖြစ်ပြီး Ph.D တက်မယ်ဆိုရင်တော့ အမေရိကန် ဒေါ်လာ နှစ်သောင်းနှစ်ထောင် ကုန်ကျမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။