သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-25
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် “ခြောက်ပွင့်ဆိုင်” တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2014-11-25
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ကျရောက်တဲ့ “နိုင်ငံတကာ- အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေနဲ့ ထားဝယ်မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ တချိန်တည်း မှာပဲ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း… မြန်မာတပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်လိုက် ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2014-11-25
ရှမ်းသက္ကရာဇ် ၂၁ဝ၉ ခုနှစ် ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နဲ့၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်က မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
2014-11-25
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တခြား ကိစ္စတွေအတွက် တစ်နှစ်ကို ယူရိုငွေ ၂၅၇ သန်းနဲ့ သုံးနှစ် အကူအညီပေးမယ်လို့ အီးယူ ဥရောပသမဂ္ဂက မနေ့ က ကြေညာခဲ့ပါတယ်။
2014-11-25
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-11-25
အစိုးရနဲ့လွှတ်တော်ကပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို မုံရွာခရိုင် ကျောင်းသားတွေကလည်း လက်မခံတဲ့အတွက် မုံရွာမြို့ပေါ်မှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2014-11-25
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့အဖွဲ့ ဟာ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်တို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ နှစ်ရက်ကြာဆွေးနွေးခဲ့ပါတယ်။
2014-11-25
အင်္ဂါနေ့က ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီး များအပေါ် အကြမ်းဖက်မှုများရပ်တန့်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေနဲ့ ထားဝယ်မြို့တွေမှာ အမျိုးသမီးအဖွဲ့တွေက ဦးဆောင်ကျင်းပခဲ့ကြသလို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကလည်း မြန်မာတပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ အစီရင် ခံစာထုတ်ပြန်လိုက်ပါတယ်။
2014-11-25
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအပေါ် လွှတ်တော် ပြင်ပပုဂ္ဂိုလ်တချို့ရဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စုစည်းတင်ပြထားပါတယ်။
2014-11-25
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခုလ ၁၃ ရက်နေ့ကနေ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၁ဝဝ ကျော် ဆွေးနွေး ခဲ့ကြတာ ဒီနေ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။
2014-11-25
နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိ ခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာ သံတော်ဆင့် သတင်းဂျာနယ်က ထုတ်ဝေ သူနဲ့ အယ်ဒီ တာချုပ်အပါအဝင် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တစ်ဦးကို အာမခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံ ရရှိခဲ့ပါတယ်။
2014-11-25
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာနဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦး ရဲ့ ဆွေးနွေးချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့မူကြမ်းကို လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ တင်သွင်းဆွေးနွေး မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-11-25
အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ဒေသခံအမျိုး သမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန် ရက်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။
2014-11-25
ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးအဖြေရှာဖို့ ဒီကနေ့ ဆုံးဖြတ် လိုက်တာကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ထောက်ခံကြောင်း ကြေညာချက်တစ်ရပ် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-11-25
ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့ အညီ ပြင်ဆင် သွားနိုင်ဖို့အတွက် ၆ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။