လွှတ်တော်မှာ အခြေခံဥပဒေပြင်ရေး သီတင်းနှစ်ပတ်ကြာဆွေးနွေးမှု ပြီးဆုံး
2014.11.25

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာနဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦးရဲ့ ဆွေးနွေးချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်းကို လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်းဆွေးနွေးမှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးအပြီးမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာသည် လွှတ်တော်ကိုယ်စားလှယ် ၁၄ဝ ဦးရဲ့ ဆွေးနွေးချက် များအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ် ပြင်ဆင်မှုဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နဲ့အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်း အဝေးမှာ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုလွှတ်တော်သု့ိ တိုက်တွန်းကြောင်းအဆိုကို အတည်ပြုကြောင်း ကြေညာပါတယ်"
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦးက ပြည်ထောင်စုလွှတ်တော် မှာ နှစ်ပတ်ကြာ ဆွေးနွေးခဲ့တာပါ။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။