အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး
2014.11.25
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ကျရောက်တဲ့ “နိုင်ငံတကာ- အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေနဲ့ ထားဝယ်မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ တချိန်တည်း မှာပဲ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း… မြန်မာတပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်လိုက် ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။