သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-27
ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆန္ဒမပါပဲ နဲ့ ရွေးကောက်ပွဲစနစ်ကို မပြောင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ ပြောကြားပါတယ်။
2014-10-27
မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် ခလရ ၂၀၈ တပ်မှာ ထိမ်းသိမ်းထားစဉ် သေဆုံးသွားတဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီးအမှှုကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူပေးဖို့ လူမူအဖွဲ့အစည်း ၄၀ ကျော်က ရန်ကုန်မြို့တော်ခန်းမအရှေ့မှာ မနေ့က စုပေါင်းတောင်းဆိုလိုက်ကြပါတယ်။
2014-10-27
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်မြို့နယ်မှာ ပီအာခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကို လူဦးရေ ၃၀၀ ကျော်လောက်က မနေ့က လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-10-27
အောက်တိုဘာလ ၂၅ ရက် စနေနေ့က ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာကြီး ဦအောင်သင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ညနေက ရေဝေးသုသန်မှာ ဂူသွင်းသြင်္ဂိုလ်ခဲ့ပါတယ်။
2014-10-27
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က လယ်ယာမြေ ၁၅ ဧကမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ အခွန်ဦးစီးဋ္ဌာနပိုင်မြေဆိုပြီး ခြံစည်းရိုးခတ်လိုက်တဲ့အတွက် ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က လယ်သမား ၁၀၀ ကျော်က တောင်ဒဂုံမြို့နယ်အတွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2014-10-27
တရုတ်ပြည်မကြီးရဲ့ နိုင်ငံရေးချုပ်ကိုင်ထားမှုကို ဆန့်ကျင်ပြီး ဟောင်ကောင် ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြနေသူတွရဲ့ လှုပ်ရှားမှု ဟာ မနက်ဖြန် အောက်တိုဘာ ၂၈ ရက်မှာတော့ တစ်လ တိတိပြည့်မှာ ဖြစ်ပါတယ်။
2014-10-27
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ မန္တလေးမြို့ခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူဦးရေ ၃၀၀ လောက် စုပေါင်းပြီး မန္တလေးမြို့ ၂၆ လမ်းပေါ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-10-27
မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှှုတွေ လိုလားချက်တွေနဲ့ မျှော်လင့် ချက်တွေကို သိရှိအောင် လာရောက် နားထောင် တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက် ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။
2014-10-27
ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်မပါဘဲနဲ့ ပြည်သူတွေရဲ့ ဆန္ဒရှင်းရှင်းလင်းလင်းမပါပဲနဲ့ ရွေးကောက်ပွဲစနစ်ကို မပြောင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေကြတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားလိုက်ပါတယ်။
2014-10-27
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေး အတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။
2014-10-27
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင် ဆင်ဖို့လိုအပ်ကြောင်း မြန်မာပြည်သူ ၅ သန်းက သူတို့ဆန္ဒတွေကို အထင်အရှားဖော်ထုတ်ပြသခဲ့ ပြီးဖြစ်ပါတယ်၊ ဒါကြောင့် ပုဒ်မ ၄၃၆ ကိုမပြင်ဘူးဆိုရင် လူထုဆန္ဒကို ဥပက္ခာပြုတာဖြစ်တဲ့အတွက် မိမိတို့က လူထုလိုက်ပါနိုင်တဲ့ လှှုပ်ရှားမှှုတစ်ခုကို ဖော်ထုတ်မှာဖြစ် တယ်လို့ RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-10-27
ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဖြစ် ဖို့ဆိုရင် ၂ဝဝ၈ ဖဲ့ွစည်းပုံအခြေခံဥပဒေကို ပြင် ဆင်ရေးဆွဲဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖဲ့ွချုပ် SNLD ပါတီရဲ့ ၂၆ နှစ်ပြည့်အဖြစ် ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-10-27
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က စနေနေ့က အဲ့ဒီကျွန်းကို စတင် သွားရောက် စုံစမ်း စစ်ဆေးခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြ ပါတယ်။
2014-10-26
အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို မနက်ဖြန် အောက်တိုဘာလ ၂၇ ရက်နေ့က စပြီး ရန်ကုန်မြို့ တောင်ဥက္ကလာပကနေ ဘုန်းကြီးလမ်း စံပြအထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
2014-10-26
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်က ရွှေမှော်လုပ်ငန်းတွေရှိတဲ့ ကျေးရွာတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှှုတွေရှိနေတာကို အရေးယူပေးဖို့ ဒေသခံ ငါးရာနီးပါးလောက်က ဗန်းမောက်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။