PR စနစ်အပေါ် သဘောထား အမြင်
2014.10.27
ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆန္ဒမပါပဲနဲ့ ရွေးကောက်ပွဲစနစ်ကို မပြောင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောကြားပါတယ်။ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့အပေါ် သဘောထားကို ဒီကနေ့ လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ရန်ကုန် ပုဇွန်တောင်နဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ်က NLD အဖွဲ့ဝင်တွေကို ရှင်းပြခဲ့ပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။