သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-16
၁၉၉၆ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်ဝင်းအောင် အကျဉ်းထောင်တွင်းမှာ ကွယ်လွန်ခဲ့တာ ၆ နှစ်မြောက်တဲ့ အောက်မေ့ဘွယ် အခမ်းအနားကို ရန်ကုန်၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2012-10-16
ပဲခူးတိုင်း အနောက်ခြမ်း အုတ်ဖိုမြို့နယ် ညောင်ပင်အိုင်ရွာမှာ ဒေသခံပြည်သူတွေရဲ့ မူလတန်းကျောင်း ဆောက်လုပ်ရေး ရံပုံငွေကို လက်ခံထိန်းသိမ်းထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဌာန ဝန်ထမ်းတို့က ငွေစာရင်း မရှင်းတဲ့အတွက် အလွဲသုံးစားမှုနဲ့တရားစွဲဖို့ ရွာသားတွေက အမှုဖွင့်ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။
2012-10-16
တောင်တန်းသာသနာပြု သီတဂူ ဆရာတော်အရှင် ဉာဏိဿရရဲ့ ကချင်ပြည်နယ် ခရီးစဉ် အတွင်း မြစ်ကြီးနားမြို့မှာ မျက်စိဝေဒနာရှင် တစ်ထောင့်ရှစ်ရာကျော်ကို ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး အဲဒီအထဲက ဝေဒနာရှင် ၂၄၀ ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
2012-10-16
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုမှာ မနေ့က အောက်တိုဘာလ ၁၅ ရက် ညနေ ၅နာရီခွဲ အချိန်မှာ အဲဒီရပ်ကွက်မှာရှိတဲ့ မလန်းဘုန်းကြီးကျောင်း သွားတဲ့လမ်းပေါ်မှာ ရဲနဲ့ စစ်သား ၈ ယောက်လောက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။
2012-10-16
၈ လေးလုံး အရေးတော်ပုံကာလ အတွင်းက အခြေခံပညာကျောင်းသားများ သမဂ္ဂ (အ.က.သ) ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
2012-10-16
အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး မော်ကွန်းဝင် ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ရည်စူးပြီး ရက်လည်ဆွမ်းသွတ် အမျှပေးဝေပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြောင်းမြလမ်းမှာရှိတဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ နေအိမ်ဟောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2012-10-16
မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ် တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းတွေက မြန်မာနိုင်ငံမှာ အစိုးရ အပေါ်ပိုင်း ပြောင်းလဲနေပေမယ့် အောက်ခြေအဆင့် အာဏာပိုင်တွေ မပြောင်းလဲသေးဘူးလို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-10-16
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာ ရပ်ကွက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ည ၁၀ နာရီအချိန်က အင်အား ၃၀ နီးပါးရှိတဲ့ အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတွေ ဝင်ရောက်ပြီး ဒေသခံပြည်သူတွေကို ရိုက်နှက်ကာ ပစ္စည်းတွေ အဓမ္မလုယက် ယူဆောင်သွားတယ်လို့ စုံစမ်း သိရှိရပါတယ်။
2012-10-15
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ရန်ကုန်တိုင်း တိုက်ကြီးမြို့မှာ မနေ့က ကျင်းပတဲ့ တိုက်ကြီးမြို့နယ် BG "ဗိုလ်ချုပ်သွေးလှူအဖွဲ့" ရဲ့ သွေးပုလင်း လှူဒါန်းမှု ၁၁၁၁ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က သတင်း ပေးပို့ထားပါတယ်။။
2012-10-15
KNU ဗဟိုဦးစီး ကော်မတီဝင် ဖဒိုစောဒေးဗစ်ထောဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်အတွင်း မနေ့က ညပိုင်းက ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က သတင်းပေးပို့ထားပါတယ်။
2012-10-15
ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သံဃာ တပါးဖြစ်တဲ့ ဦးဂမ္ဘီရ၊ အခုအခါ လူဝတ်လဲထားပြီး ဖြစ်တဲ့ ဦးညီညီလွင် နဲ့အဖွဲ့ကို ဗြိတိသျှသံရုံးက အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။
2012-10-15
မြန်မာနိုင်ငံရဲ့ အနာဂတ် သတင်းမီဒီယာလောက အပေါ် ငွေနဲ့အာဏာရှိသူတွေက သြဇာလွှမ်းမိုးပြီး ချယ်လှယ်ချုပ်ကိုင် နိုင်တဲ့ အလားအလာတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2012-10-15
အဖွဲ့ဝင် ၃၀ ကျော်ပါဝင်တဲ့ အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိတွေ နဲ့ အရပ်ဘက် ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို ရောက်ရှိတယ်လို့ Financial Times သတင်းစာမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဖေါ်ပြပါတယ်။
2012-10-15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာ ဝမ်ပေါင် သတ္ထုတွင်း တူးဖော်ရေး ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အရေးအသားတွေ မီဒီယာတွေမှာ ဆက်လက် ဖော်ပြနေရင် တရားစွဲဆိုတော့မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2012-10-15
ရန်ကုန်မြို့ ဆူးလေစေတီအနီးအနားက မြို့တော်ခန်းမရှေ့မှာ သံဃာတော် အပါး (၃၀၀၀) ကျော် အပါအဝင် စုစုပေါင်း (၄၀၀၀) နီးပါးခန့်ဟာ မြန်မာနိုင်ငံမှာ အိုအိုင်စီရုံး (OIC) မဖွင့်ဖို့ ကန့်ကွက်တဲ့ အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။