သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-27
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လတ်တလော သွားရောက်ခဲ့တဲ့ မန္တလေးနဲ့ မကွေးတိုင်း ခရီးစဉ်အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-01-27
စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့က ကျောင်းသား ၉ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့အမှုကို ပုသိမ်မြို့နယ် တရားရုံးက မနေ့က လက်ခံလိုက် ပါတယ်။
2017-01-27
အရင်ကော်မတီဝင်တွေလက်ထက်က ပုဂ္ဂလိကနဲ့ အကျိုးတူချုပ်ဆိုထားတဲ့ စီမံကိန်းလုပ်ငန်း စာချုပ်တွေအားလုံးကို ပြန်လည်စစ်ဆေးသွားဖို့ မန္တလေး စည်ပင်သာယာရေးကော်မတီက ပြင်ဆင်နေပါတယ်။
2017-01-27
ရန်ကုန်မြို့မှာ မထသ ကို ဖျက်သိမ်းပြီး အစားထိုးခဲ့တဲ့ YBS အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြောင့် ခရီးသွားလူထု အခက်အခဲမျိုးးစုံ ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး ဘတ်စ်ကား နေ့စဉ်စီးခရီးသည် တဦးဖြစ်တဲ့ စာရေးဆရာမ ခင်ငြိမ်းသစ် ကို အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-01-27
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ "ကရင်နီအမျိုး သား ဒီမိုကရက်တစ်ပါတီ" က သိမ်းဆည်းထား တဲ့ မြေတွေကိုပြန်ပေးဖို့နဲ့၊ တောင်သူတွေအပေါ် တရားစွဲဆိုထားတာတွေကို ပြန်ပြီးစိစစ်ပေးဖို့အတွက် လွိုင်ကော်မြို့ ထူဒူငံသ ရပ်ကွက်က ဒေသခံတွေ ဇန်နဝါရီလ ၂၆ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-01-27
ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ ကားလမ်းကြောင်းတွေ အဆင်ပြေစေဖို့အတွက် စေတနာ့ဝန်ထမ်း ကူညီပေးနေသူတွေ တွေ့ဆုံပွဲကို ရန်ကုန် တောင်ဥက္ကလာပမြို့နယ်က ဓမ္မပီယ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
2017-01-27
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ဆောင်နေတာမို့ ငြိမ်းချမ်းရေးရမယ်ဆိုတာ ယုံကြည် တဲ့အတွက် မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေ စုပေါင်းပြီး အလှူငွေကျပ် ၁၅ ဘီလီယံလောက်ကို လှူဒါန်းတာဖြစ်တယ်လို့ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက်ရဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောပါတယ်။
2017-01-27
တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့အိုးကြီးချက်ပညာကို ပြန်လည်ဖော်ထုတ်ဖို့နဲ့ ရိုးရာအစားအသောက် အခန်းကဏ္ဍ ပိုမိုမြင့်တက်စေဖို့ ရည်ရွယ်ပြီး ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကို ရန်ကုန်မြို့ မိုင်ဒါကွင်းမှာ ၅ ရက်ကြာ ကျင်းပနေပါတယ်။
2017-01-27
ရခိုင်ပြည်နယ်က ထုတ်လုပ်တဲ့ ရိုးရာ-ရက်ကန်းထည်တွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရရဲ့ အကူအညီနဲ့ ပြည်မ,ဈေးကွက်အထိ ထိုးဖောက်ဖို့ ကြိုးပမ်းနေကြတဲ့အကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2017-01-27
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ၂၀၁၆-၂၀၁၇ နှစ်မှာ နိုင်ငံတကာတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ထောင် ရည်မှန်းချက်အတိုင်း ရရှိမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
2017-01-27
မြန်မာနိုင်ငံမြောက်ပိုင်းက အစိုးရတပ်နဲ့ တိုင်းရင်း သားတပ်တွေရဲ့ စစ်ပွဲတွေရပ်ဖို့ အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးကော်မတီ IRC နဲ့ Save the Children ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့ပေါင်း ၂၂ ဖွဲ့က မနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2017-01-27
အခု ဘဏ္ဏာရေးနှစ်အတွင်း မြန်မာနိုင်ငံ က နိုင်ငံခြားကိုတင်ပို့ရောင်းချမယ့် ဆန် တန်ချိန် ပမာဏဟာ မိုးကြီးရေလျှံမှုနဲ့ တရုတ်နိုင်ငံက ဝယ်လိုအားကျဆင်းမှုတွေကြောင့် အရင်နှစ် ကထက် လျှော့နည်းမယ်လို့ သိရပါတယ်။
2017-01-27
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခ သည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်လှူဒါန်းမယ့် KP1M အဖွဲ့က လှူဒါန်းပစ္စည်းတွေ လိုအပ်သလောက် မရရှိသေးတဲ့အတွက် ဆက်လက်စုဆောင်းနေတယ်လို့ မနေ့က ပြောကြားပါတယ်။
2017-01-27
ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရေးအတွက် ပုဂံဒေသ က ရှေးဟောင်းစေတီ ပုထိုးတော်တွေပေါ်ကို ခရီး သည်တွေတက်ခွင့်မပြုတော့ပဲ ရှုခင်းကြည့်ဖို့အတွက် စင်မြင့်တွေ စတင်ဆောက်လုပ်နေပြီလို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2017-01-26
ရခိုင်ပြည်သူလူထုရဲ့ လူနေမှုဘဝနဲ့ သဘာ ဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးပြီး အာမခံချက်ရှိစေနိုင်မယ့် ဥပဒေ၊ နည်းဥပဒေတွေမရှိသေး တာကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ရပ်တန့်ထားဖို့ စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကျေး ရွာပေါင်း ၂၅ ရွာက ဒေသခံ ၃၀၀ လောက်က ဒီနေ့ ကျောက်ဖြူမြို့နယ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ မှာ တောင်းဆိုလိုက်ပါတယ်။