မန္တလေး စည်ပင်ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ထွန်းနဲ့ မေးမြန်းချက်
2017.01.27
အရင်ကော်မတီဝင်တွေလက်ထက်က ပုဂ္ဂလိကနဲ့ အကျိုးတူချုပ်ဆိုထားတဲ့ စီမံကိန်းလုပ်ငန်း စာချုပ်တွေအားလုံးကို ပြန်လည်စစ်ဆေးသွားဖို့ မန္တလေး စည်ပင်သာယာရေးကော်မတီက ပြင်ဆင်နေပါတယ်။ အစိုးရအကူးအပြောင်းကာလက ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ပထမဆုံးဦးစားပေး စစ်ဆေးဖို့ရှိနေပြီး စာချုပ်တွေက ဥပဒေနဲ့မညီတာတွေ၊ နှစ်ဦးနှစ်ဘက် နှစ်နာမှုတွေ ရှိနေရင် ပြန်လည်ဆွေးနွေးညှိနှိုင်းသွားမယ်လို့ စာချုပ်တွေကို စစ်ဆေးဖို့အဓိကတာဝန်ယူထားတဲ့ စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။
ဦးအောင်ကျော်ထွန်းကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။