သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-12
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွဲခံရတဲ့ ၁၀ လပြည့် အထိမ်းအမှတ်ပန်းချီပြပွဲ မှာ ပန်းချီဆရာအယောက် ၁၀၀ လောက်ရဲ့ ပန်းချီကား ၂၀၀ ကျော်ကို ပြသထားပါတယ်။
2016-01-11
လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီး ဥပဒေတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန် ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်း အပါ အဝင် ဥပဒေကြမ်း ၂၃ ခု ဆွေးနွေးဖို့ ကျန်နေပါတယ်။
2016-01-11
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုမှာ ကောင်းမြန်မာအောင် ကုမ္ပဏီက သိမ်းယူထားတဲ့ ယာမြေဧက ၂၅၀၀ နီးပါးထဲက ၅၀၀ ကျော်အတွက် တစ်ဧကကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ တွက်ချက်ပြီး တောင်သူ တစ်ရာကျော်ကို နစ်နာကြေးပေးအပ်ခဲ့ပါတယ်။
2016-01-11
နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မီးလောင်ဆုံးရှုံးခဲ့ရ တဲ့ ရန်ကုန်မြို့ မင်္ဂလာဈေးက ဈေးသူ၊ ဈေးသားတွေ နဲ့ တွေ့ဆုံပြီး နိုင်ငံတော်သဘာဝဘေးအန္တရာယ် ကူညီထောက်ပံံ့ရေး ရန်ပုံငွေကနေ ဆိုင်ခန်းတစ်ခန်း ကို ကျပ်ငါးသိန်း ကနေ ၁၀ သိန်းအထိ ထောက်ပံ့ပေး သွားမှာဖြစ်ပြီး ယာယီဈေးကို ရွှေပြည့်စုံဈေး နဲ့ ရွှေမင်္ဂလာဈေး ကားပါကင် နေရာမှာ တည်ဆောက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ ပါတယ်။
2016-01-11
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ Arakan Army ရခိုင့်တပ်မတော် အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး အတွက် မြောက်ဦးမြို့ မှာ ဒေသခံတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-01-11
ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့က မင်္ဂလာဈေး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၁၆ဝဝ လောက် မီးထဲ ပါသွားခဲ့ပါတယ်။
2016-01-11
ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ရန်ကုန်- ရန်ကင်းမြို့နယ် ရန်ကင်းစင်တာရှေ့မှာ တေးဂီတနဲ့ အလှူခံခဲ့ကြပါတယ်။
2016-01-11
၇၈ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ကရင်ပြည်နယ် ဖားအံမြို့နဲ့၊ ရန်ကုန်တိုင်းက အင်းစိန်နဲ့ အလုံမြို့နယ်တွေမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
2016-01-11
နာရေးကူညီမှုအသင်း-ရန်ကုန်ရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ နာရေးကူညီမှုအသင်း ရုံးချုပ်မှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-01-11
လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရမှု ဆယ်လပြည့်အထိမ်းအမှတ် ရန်ပုံငွေပန်းချီပြပွဲကို ရန်ကုန်-ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်မှာရှိတဲ့ River Ayeyarwaddy ပန်းချီပြခန်းမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တပတ်ကြာ ပြသနေပါတယ်။
2016-01-11
မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်း သားရေးရာဝန်ကြီးနေရာမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား လှယ်လောင်း ဒေါက်တာစိုင်းနော်ခေးက ကန့်ကွက်ထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ စစ်ဆေးခဲ့ပါတယ်။
2016-01-11
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ကို ပြောကြားမှာ ဖြစ်ပါတယ်။
2016-01-11
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုမှာ ကောင်းမြန်မာအောင်ကုမ္ပဏီက ကျွန်းစိုက်ဖို့အတွက် သိမ်းထားတဲ့ ယာမြေဧက ၂၅၀၀ နီးပါးထဲက ဧက ၅၀၀ ကျော်အတွက် နစ်နာကြေး ပေးအပ်ပြီး ကျန်တဲ့ဧက ၁၈၀၀ ကျော်ကို တောင်သူတွေထံ ပြန်လည် အပ်နှံလိုက်ပါတယ်။
2016-01-11
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် က ဂွဈေးအနီးမှာ ဒီနေ့ မီးလောင်ကျွမ်းမှုဖြစ် ပွားရာ အိမ် ၁၂ လုံး ပျက်စီးခဲ့ပြီး တန်ဖိုး ကျပ် ၁၆၇ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
2016-01-11
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှု မှာ မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရတဲ့အပေါ် တရားမျှတမှုရှိရေး၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြို့ကြီး ၁၅ မြို့က လူဦးရေ ၃သောင်းကျော်က တောင်းဆိုထားတဲ့ လက်မှတ်တွေကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရဲမှူး ကတဆင့် ထိုင်းသံရုံးထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။