မီးလောင်ဆိုင်ခန်းတွေအတွက် ထောက်ပံ့ကြေးပေးမယ်


2016.01.11

နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ရန်ကုန်မြို့ မင်္ဂလာဈေးက ဈေးသူ၊ ဈေးသားတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတော်သဘာဝဘေးအန္တရာယ် ကူညီ ထောက်ပံံ့ရေး ရန်ပုံငွေကနေ ဆိုင်ခန်းတစ်ခန်းကို ကျပ်ငါးသိန်းကနေ ၁၀ သိန်းအထိ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ယာယီဈေးကို ရွှေပြည့်စုံဈေး နဲ့ ရွှေမင်္ဂလာဈေး ကားပါကင် နေရာမှာ တည်ဆောက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ ဈေးသူ ဈေးသားတွေနဲ့ မြေညီထပ်ဆိုင်ခန်းတွေက ပစ္စည်းထုတ်ယူနေကြတဲ့သူတွေ ပြောပြတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုသီဟထွန်း က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။