သိမ်းဆည်းယာမြေတွေအတွက် တောင်သူတွေကို လျော်ကြေးပေးအပ်


2016.01.11

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုမှာ ကောင်းမြန်မာ အောင် ကုမ္ပဏီက သိမ်းယူထားတဲ့ ယာမြေဧက ၂၅၀၀ နီးပါးထဲက ၅၀၀ ကျော်အတွက် တစ်ဧကကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ တွက်ချက်ပြီး တောင်သူတစ်ရာကျော်ကို နစ်နာကြေး ပေးအပ်ခဲ့ပါတယ်။

ပိုလျှံနေတဲ့ ယာမြေဧက ၁၈၀၀ ကျော်ကို မူလပိုင်ရှင်တောင်သူတွေထံ ပြန်လည် ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ တောင်သူတွေကို အကူအညီပေး ခဲ့တဲ့ တောင်ငူမြို့နယ် မြန်မာနိုင်ငံတောင်သူလယ်သမားဖံ့ွဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စိုးမိုးကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။