သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-01
မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင် မှာ ဖမ်းဆီးခံထားရတဲ့ Myanmar Veneer သစ်စက်ရုံ အလုပ်သမားတွေထဲက ၃၆ ဦးကို မနေ့က ပြန် လွှတ်ပေးလိုက်ပြီး သပိတ်ခေါင်းဆောင် ၁၅ ဦး ကို နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
2016-06-01
၂၁ ရာစုပင်လုံညီလာခံ ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသား နိုင်ငံရေး ပါတီအားလုံး ပါဝင်ခွင့်ပေးဖို့ ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-06-01
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် က ကျေးရွာ ၂ ရွာမှာ ရွေးကောက်ပွဲ မတိုင် ခင်က ကျေးရွာမီးလင်းရေးဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အခမဲ့ဝေပေးခဲ့တဲ့ နေရောင်ခြည်သုံး ဆိုလာပြားတွေအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစ ပြီး ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတောင်သူတွေက ဒီနေ့ ပြောပါတယ်။
2016-06-01
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်လိုက်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၄ ဦးဟာ ဒီကနေ့ တာဝန်တွေ စတင်ထမ်းဆောင်နေ ကြပြီဖြစ်ပါတယ်။
2016-06-01
အရင်အစိုးရလက်ထက် သမဝါယမဝန်ကြီး ဌာနက တရုတ်နိုင်ငံ China Exim ဘဏ် ကနေ ဒေါ်လာသန်း ၁၀၀ ချေးပြီး တောင် သူတွေကို ထုတ်ပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ကို တောင်သူတွေဘက်က ၆ လတစ်ကြိမ် ပြန်လည်ပေး ဆပ်ဖို့ အခက်အခဲရှိနေတာကြောင့် တစ်နှစ်တစ်ကြိမ် ပေး ဆပ်ခွင့်ပြုဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်း ခမ်းအေး က လွှတ်တော်မှာ တင်ပြမေးမြန်းခဲ့ပါတယ်။
2016-06-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မျှဝေခြင်း စီမံချက်အနေနဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အင်န်အယ်လ်ဒီ က ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ အတွင်းရှိ အထက် တန်းကျောင်းခွဲတစ်ခုကို ဗလာစာအုပ်တွေ ဒီကနေ့ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
2016-06-01
မန္တလေးတိုင်း မိုးကုတ်မြို့လယ်က အင်းကြီးကို ပြီး ခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံတော် သမ္မတဖွံဖြိုးမှု သီးသန့်ရန်ပုံငွေထဲ ကနေ ငွေကျပ် သန်း ၁၉၀၀ ကျော် သုံးစွဲပြီး ပြုပြင်ခဲ့ပေမယ့် အခုထိ ပြင် ဆင်မှုမပြီးပြတ်သေးဘူးလို့ ဒေသခံတွေက ပြောပါ တယ်။
2016-06-01
အရင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့ကြတဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလီယံကို အစိုးရသစ်လက်ထဲ လွှဲပြောင်းပေးတာ မရှိခဲ့ဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ မေလ (၃၁) ရက်နေ့ ဒီကနေ့ ပြောလိုက်ပါတယ်။
2016-06-01
ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု နည်းလာအောင် ၆ လကနေ တနှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်သလို၊ တိုးတက်မှုအခြေအနေကိုလည်း အများပြည်သူသိအောင် တင်ပြသွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2016-06-01
အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ သတင်း လွတ်လပ်ခွင့် ပိုမိုရရှိလာရေး၊ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး ပြေလည်ကောင်းမွန်ရေး၊ သတင်း စီးဆင်းမှု မြန်ဆန်ရေး စတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ (BMA-Burma Media Association) ရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။
2016-06-01
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာက စစ်ပြေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
2016-06-01
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် လက်ရှိ အမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမောင်မောင်အုန်းကို မသင်းသီရီ ဆက်သွယ်မေးမြန်းထားပါတယ်။