မိုးကုတ်အင်းပြင်ဆင်မယ့် သမ္မတဟောင်းရဲ့ သီးသန့်ရန်ပုံငွေ
2016.06.01
မန္တလေးတိုင်း မိုးကုတ်မြို့လယ်က အင်းကြီးကို ပြီးခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံတော် သမ္မတဖွံဖြိုးမှု သီးသန့်ရန်ပုံငွေထဲကနေ ငွေကျပ် သန်း ၁၉၀၀ ကျော် သုံးစွဲပြီး ပြုပြင်ခဲ့ပေမယ့် အခုထိ ပြင်ဆင်မှုမပြီးပြတ် သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကိစ္စကို ပြည်သူ့လွှတ်တော်မှာလည်း အဆိုတင်သွင်းခဲ့ပါတယ်။ မိုးကုတ်မြို့လည်က အင်းကြီး ပြုပြင်ရေး မပြီးသေးတဲ့အပေါ် ဒေသခံတွေရဲ့ သဘောထားကို RFA သတင်းထောက် ကိုကျော်သူ ကတင်ပြထားပါတယ်။