သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-17
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေပါဝင်နိုင်မယ့် နည်းလမ်းတွေဆွေးနွေးအဖြေရှာဖို့ အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ လူငယ်အဖွဲ့၂ဝ ကျော် က လူငယ်ကိုယ်စားလှယ် ၈ဝ ကျော်ဟာ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
2015-01-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေကြားထဲ ရွာသားတွေ ပိတ်မိနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတွေဖွဲ့စည်းလိုက်တဲ့ ကူညီရေးအဖွဲ့က ကိုခင်မောင်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် မနေ့ညက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2015-01-17
ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မုူးယစ်ဆေး ဝါးမှောင်ခိုကုန်သည် ၁ဝ ဦးကို ဖမ်းဆီးပေး ဖို့ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေကို ထိုင်း တရားရေး ဝန်ကြီး ပိုင်ဘွန်း ကူးချာယာက တောင်းဆိုလိုက်ပါတယ်။
2015-01-17
ပုပ်ရဟန်းမင်းကြီးက ခန့်အပ်တဲ့ ကာဒီနယ် ဘုန်းတော်ကြီးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာတရားတွေကြား ငြိမ်းချမ်းရေးနဲ့ ပြန် လည်ရင်ကြားစေ့ရေး ပေါ်ပေါက်လာအောင် ကြိုးပမ်းသွား မယ်လို့ ဘုန်းတော်ကြီး ချားလ်စ်ဘိုက ပြောကြားပါတယ်။
2015-01-17
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေရှိနေဆဲဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲမှာ ပြောပါတယ်။
2015-01-17
UNDO လို့ခေါ်တဲ့ ညီညွတ်သော အမျိူးသား ဒီမိုကရေစီအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်ရေး ချိူးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီး ဒီကော်မတီက ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရအဆက်ဆက်လက်ထက် က လူ့အခွင့်ရေးချိူးဖောက်မှုတွေကို စုံစမ်းဖော်ထုတ် ဖို့သွားမယ်လို့ UNDO ကိုဦးဆောင်သူတစ်ဦးဖြစ် တဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနိုင်းနိုင်းက ပြောပါတယ်၊
2015-01-17
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2015-01-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာအနီး မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြားမှာပိတ်မိနေဆဲ ဒေသခံ ရွာသား နှစ်ထောင်လောက်ကို ဖားကန့်မြို့နယ်အခြေ စိုက် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ကားအစီး ၁၅၀ ကျော်နဲ့ သွားရောက်ခေါ်ဆောင်ပေမဲ့ အစိုးရတပ်မ ၆၆ လက်အောက် ခံတပ်တွေက သွားခွင့်မပြုဘူးလို့ သတင်းရရှိပါတယ်။
2015-01-17
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ မနေ့ညနေက စစ်တွေ ဟိုတယ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-01-17
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) အဖွဲ့ဝင် ကျောင်းသား ၅ ဦးကို ဒီကနေ့မနက် ၁ နာရီ ကျော်လောက်က ကုန်သည်လမ်းနဲ့ ၄၁ လမ်းထောင့် ဝန်ကြီးများရုံးအနီးမှာ လူဦးရေ ၃ဝ လောက်ပါဝင်တဲ့ အမည် မသိလူအုပ်စုက ရိုက်နှက်ခဲ့တာကြောင့် အမျိုးသားယဉ်ကျေးမှု နဲ့ အနုပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုအောင်သောင်းဦး ဦးခေါင်းခွံကွဲအက်ပြီး ရန်ကုန်ဆေးရုံ ကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အတွင်းလူနာ အဖြစ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
2015-01-17
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ရက်ပေါင်း ၆၀ ကန့်ကွက်ဆန္ဒပြထားပေမဲ့ အစိုးရဘက်က တုံ့ပြန်မှုမရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်သွားမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့က ဒီနေ့ ပြော လိုက်ပါတယ်။
2015-01-17
၆၃ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံက ကျောက်သား ရင်ပြင်မှာ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-17
လယ်သမား၊ အလုပ်သမား၊ ကျောင်းသူကျောင်းသားတွေနဲ့ သံဃာတော်တွေ စုပေါင်းပြီး ဒေသဆိုင်ရာ လူထုစည်းဝေးပွဲတခုကို မန္တလေးမြို့ ဦးပွားဆုတောင်းပြည့်ဘုရားဝင်းမှာ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-17
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2015-01-17
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးနေ့အဖြစ် ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။