သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-30
မြန်မာနိုင်ငံမှာ အမျိူးသားပညာရေးဥပဒေ ပြဿနာအပြင် လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတချိူ့ဟာ အစိုးရဘက်က ပွင့်လင်းမြင်သာမှု မရှိတာကြောင့်လို့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောပါတယ်၊
2015-01-29
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြိုနယ် ရမဇူဒေသမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ် အားပေးစက်ရုံ တည်ဆောက်မယ့် စီမံကိန်းကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2015-01-29
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ “တကောင်း” နီကယ်စက်ရုံက စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် ဧရာဝတီမြစ်ရေ ညစ်ညမ်းလာတဲ့ အပေါ် ဒေသခံရွာသားတွေ စိုးရိမ်နေကြပါတယ်။
2015-01-29
ရခိုင်ရိုးရာ ကျင်အားကစားဟာ ရခိုင်ပြည်နယ်မှာထင်ရှားတဲ့ ရိုးရာအားကစားပွဲတစ်ခု ဖြစ်ပါတယ်။ အခုနောက်ပိုင်း ကျင်ပွဲကျင်းပတာတွေ နည်းပါးလာတဲ့အတွက် ဒီအားကစားနည်းကို ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-01-29
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-01-29
ရှမ်းပြည်နယ်၊မူဆယ်ခရိုင်၊ ကောင်းခါးကျေး ရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က ကျောင်းဆရာမနှစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်သားတွေနဲ့ ဒေသခံရွာ သားတွေ ကို DNA မျိုးဗီဇ စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့ကပြော ပါတယ်။
2015-01-29
အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြမယ့် ဧရာဝတီတိုင်းက ကျောင်း သားတွေ ပုသိမ်မြို့ကို စုစည်းရောက်ရှိနေ ပြီး သပိတ်စစ်ကြောင်းချီတက်ပွဲ ဒီနေ့ စတင်မယ်လို့ ပြော ကြားပါတယ်။
2015-01-29
မကွေးမြို့ အေးစေတီဘုရားဝင်းမှာ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးဟောပြောပွဲကျင်းပခဲ့တယ်ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၁၁ ဦးကို အပြစ်မရှိကြောင်း မကွေးတိုင်းတရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-01-29
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကောင်း ခါးကျေးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံရမှုနဲ့ပတ်သက်ပြီး ရွာသား ၆ ဦးကို မူဆယ်မြို့နယ်တရား ရုံးမှာ ဒီနေ့ စစ်ဆေးနေပါတယ်။
2015-01-29
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေနေ ဟာ သိသိသာသာကျဆင်းလာခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းရရှိထားတဲ့ လူ့အခွင့်အရေး အခြေနေဟာလည်း နှေးကွေးလာကြောင်း အမေရိ ကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်ရေးစောင့်ကြည်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန် လိုက်တဲ့၂ဝ၁၅ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေး အစီရင်ခံစာ သစ်ထဲမှာ ဖော်ပြလိုက်ပါတယ်။
2015-01-29
ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်မှာ စိုက်ထူထားတဲ့ ဆုတောင်းပြည့် လက်ဝါးကပ်တိုင်ကို ချင်းပြည်နယ်အစိုးရက ဖယ်ရှားခိုင်းတာကြောင့် ချင်းလူငယ် ၁၀၀ နီးပါးက ရန်ကုန် မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-01-29
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့ကနေ လမ်းလျှောက် ဆန္ဒပြတဲ့ ဆန္ဒပြ ကျောင်းသားကျောင်း သူတွေက လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပတဲ့အထိ ဆက် လက်ချီတက်ဆန္ဒပြကြမယ်လို့ ပြောပါတယ်။
2015-01-29
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ထံ အကြံပြုချက် ၂၁ ချက် ပေးပို့ထားပါတယ်။
2015-01-29
ပြည်ထောင်စုလွှတ်တော်က တောင်းဆို ထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2015-01-29
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်မြို့ နယ်မှာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် KBC က လုပ်အားပေးဆရာမနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း တပ်မတော်ကို ပုတ်ခတ်ရေးသားပြော ဆိုသူတွေ ရှိနေကြောင်း တပ်မတော်က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။