သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-28
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှာ မူလတန်းအဆင့် အောင်မြင်ပြီးနောက် အလယ်တန်းအဆင့် တက်ရောက်ပညာသင်ကြားဖို့ခက်ခဲနေတဲ့ ကလေးငယ်တွေအတွက် တအာင်းပညာရေးအင်စတီကျူ က အခမဲ့ဘော်ဒါဆောင်တစ်ခု ဖွင့်လှစ်ပြီး ပညာဆက်လက်သင်ကြားနိုင်ရေး ကူညီပေးနေသလို စာသင်ကျောင်းမရှိတဲ့ ကျေးရွာတွေမှာလည်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေပါတယ်။
2018-09-28
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့အတွက် အထောက်အထားတွေကို စုဆောင်းလေ့လာမယ့် လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။
2018-09-28
တရုတ်ရဲ့ အကြီးမားဆုံး အိမ်မက်ဖြစ်တဲ့ BRI ခေါ် စြင်္ကန်နဲ့ ပတ်လမ်း စီမံကိန်းမှာ မြန်မာက အဓိကအကျဆုံး နေရာမှာရှိနေတာပါ။ အရင်က စစ်တပ်နဲ့ စစ်အစိုးရဟာ တရုတ်နဲ့ နီးစပ်ခဲ့ပေမယ့်၊ အခုအခါ NLD အစိုးရက တရုတ်နဲ့ ပိုပြီးနီးလာနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
2018-09-27
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ပြန်လွတ်ပေးရေးအတွက် လန်ဒန်မြို့ မြန်မာသံရုံးရှေ့ကို လူတချို့ မနေ့က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
2018-09-27
ကနေဒါ အောက်လွှတ်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းခဲ့တဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ပြန်လည်ရုပ်သိမ်းဖို့ ကြာသပတေးနေ့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
2018-09-27
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ စွဲချက်တင်ရေး ပြင်ဆင်တဲ့အနေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းထိန်းသိမ်း လေ့လာစိစစ်မယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။
2018-09-27
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း အနှစ် (၃ဝ) ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ပါတီရုံးချုပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက်ကိုထက်အာကာ တင်ပြထားပါတယ်။
2018-09-27
ရှမ်းပြည်နယ် အရှေ့ပိုင်း "ဝ" အထူးဒေသက ခရစ်ယာန် ဓမ္မဆရာဆရာမ ၉၂ ပါးကို UWSA "ဝ" အာဏာပိုင် တွေက ဖမ်းဆီးထိန်းသိမ်းထားပြီး ကျမ်းစာတက်နေတဲ့ ကျောင်းသူကျောင်းသား ၄၁ ဦးကိုလည်း ဖမ်းဆီး စစ်မှုထမ်းခိုင်းထားတယ်လို့ လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။
2018-09-27
TNLA တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော်က ဖမ်းထားတဲ့ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဒီနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-27
အင်းလေးကန်ဒေသကို အင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တောင်းဆိုသွားဖို့ အတွက် ကနဦးအဆင့်အဖြစ် နမ့်ပန်မြို့ပြန်လည်ရရှိရေး အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ဖို့ရှိနေပါတယ်။
2018-09-27
ကမ္ဘာ့ဘဏ်က ထောက်ပံ့တဲ့ မြေဆီတွေကို စိုက်ပျိုးရေးဦးစီးဌာနကတဆင့် ပြန်လည်ဖြန့်ဝေရာမှာ မျှမျှတတ မရရှိလို့ဆိုပြီး စစ်ကိုင်းတိုင်း ကောလင်းမြို့က ဒေသခံတောင်သူ နှစ်ရာလောက် ဒီနေ့မနက်က ဆန္ဒပြခဲ့ပါတယ်။
2018-09-27
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကျေးရွာ ၂၃ ရွာကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ဝန်ထမ်းတွေရဲ့ ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2018-09-27
TNLA တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော်က ဖမ်းထားတဲ့ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဒီနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-27
ဟာသသရုပ်ဆောင် အောင်ရဲထွေးကို သတ်တဲ့အမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ သန်းထွဋ်အောင် အပါအဝင် ၃ ဦးဟာ သင်္ဃန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
2018-09-27
YBS ၂၀ နဲ့ ၃၈ က ယာဉ်မောင်း ၁၇ ယောက်ဟာ အချိန်ပိုဆင်းရတဲ့အတွက် အချိန်ပိုကြေးပေးဖို့ Omni Focus ကုမ္ပဏီကို ဥပဒေကြောင်းအရ တောင်းခံခဲ့ပေမယ့် ပြေလည်မှုမရဘဲ အလုပ်ထုတ် ခံရတာကြောင့် ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ပါတယ်။