သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား အငြင်းပွားနေတဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ခွဲဝေဖို့ အမွေမှုနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့ နောက်ဆုံးအထူးအယူခံကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားရုံးမှာ ဇွန်လ ၂၇ ရက် တနင်္လာနေ့က ကြားနာစစ်ဆေးခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။
2022-06-27
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့်ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2022-06-27
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်းက အစိုးရကျောင်းတွေကို ကာလကြာရှည် ပိတ်ထားရတာမို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြိုက အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ အခု ၂၀၂၂ - ၂၀၂၃ စာသင်နှစ်အတွက် ကျောင်းအပ်သူ သုံးဆကျော်လောက် တိုးလာတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
2022-06-27
မွန်ပြည်နယ် သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာနားမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ ညနေက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရွာထဲက မသန်စွမ်းတစ်ဦး ပစ်သတ်ခံခဲ့ရသလို ကျေးရွာအထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံ ၁၅၂ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2022-06-27
လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF အပါအဝင် အဖွဲ့အစည်းအချို့ကို လက်နက်ချအလင်းဝင်ဖို့ စစ်ကောင်စီက မြို့ကြီးအချို့မှာ လော်စပီကာနဲ့ လိုက်ပြီးကြေညာနေသလို သတင်းထုတ်ပြန်တာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။
2022-06-27
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ဒေသခံတွေရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းဆရာ၊ ဆရာမ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကရင်နီ ရဲတပ်ဖွဲ့ (KSP) က မနေ့က ထုတ်ပြန်ပါတယ်။
2022-06-27
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့ နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုလိုက်ပါတယ်။
2022-06-27
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အခု ဇွန်လအတွင်း စစ်ကောင်စီတပ်ဘက်က ဖမ်းထားတဲ့ ဒေသခံ ၂၉ ဦးရှိပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၅ ရက်နဲ့ ၂၆ ရက်က သတင်းတွေ ထုတ်ပြန်ထားပါတယ်။
2022-06-27
ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ စွပ်စွဲပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဇွန်လအထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသေဆုံးတဲ့ ကလေးငယ် ၁၁၅ ဦးရှိပြီလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
2022-06-27
ဇွန်လ ၂၆ ရက် မနေ့က တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက အသက် ၆၀ ကျော်အရွယ် ဇနီးမောင်နှံ နှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) တာဝန်ရှိသူတွေက ပြောပါတယ်။
2022-06-26
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့တဲ့လုပ်ရပ်ဟာ အငြိုးအတေးနဲ့ လုပ်ဆောင်တာဖြစ်ပြီး သူ့ကို နိုင်ငံရေးလောကကနေ အပြီးတိုင်ဖယ်ရှားဖို့ ကြိုးစားမှု ဖြစ်တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။ အလားတူ ကုလသမဂ္ဂနဲ့ အမေရိကန်တို့ကလည်း စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြပါတယ်။
2022-06-26
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ပနန်း၊ စံပယ်၊ စင်ပုံနဲ့ ယင်းမာ စတဲ့ရွာတွေထဲ ပြီးခဲ့တဲ့ ဇွန်လ ၁၉ နဲ့ ၂၀ ရက်တွေက စစ်သားတွေရောက်လာပြီး ဘုန်းကြီးကျောင်းတွေနဲ့ နေအိမ်တွေကနေ ဆန် ရိက္ခာ၊ ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေကို အဓမ္မ ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-26
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆ နှစ်တုန်းက ကြိုးပေးကွပ်မျက်တာခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အထိမ်းအမှတ်လှုပ်ရှားမှုတွေ ဒီနေ့ လုပ်ခဲ့ကြပါတယ်။
2022-06-26
စစ်ကောင်စီက ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ ညှဉ်းပန်းနှိပ်စက်နေတာတွေကို အာဆီယံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးက စစ်ကောင်စီအပေါ် နိုင်ငံရေးအရဖိအားပေးဖို့ ပြည်တွင်းအရပ်ဘက်အဖွဲအစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2022-06-25
စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်အနီးက ကျေးရွာတွေကို ဇွန်လ ၂၁ ရက်ကစပြီး ဒီကနေ့ ဇွန်လ ၂၅ ရက်အထိ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးခဲ့ရာ ရွာပေါင်း ၂၀ လောက်က ဒေသခံ ၂၀၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။