သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-27
ရှမ်းပြည်မြောက်ပိုင်းက နယ်စပ်မြို့တမြို့ဖြစ်တဲ့ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှု များလာနေတာ ကြောင့် မြို့ခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2014-06-27
ပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်တွေအပြည့်အဝပေးတဲ့အနေနဲ့ ပုဒ်မ ၁၈ ဆိုတာ လုံးဝမရှိသင့်တဲ့ပုဒ်မဖြစ်တယ်လို့ လယ်သမားအလုပ်သမားရေးဆောင်ရွက်ရင်း တရားစွဲခံနေရတဲ့ မစုစုနွေးကပြောပါတယ်။
2014-06-26
မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် လိုင်စင်တွေကို လာမယ့်စက်တင်ဘာလ မှာ ချပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ကပြောပါတယ်။
2014-06-26
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမ လာဘောဟာ ကြာသပတေးနေ့ည ၉ နာရီကျော်မှာ ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့က နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
2014-06-26
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမ လာဘောဟာ ကြာသပတေးနေ့ည ၉ နာရီကျော်မှာ ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့က နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
2014-06-26
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်တပ်၊ အစိုးရဌာနဆိုင်ရာတွေနဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO တို့ သိမ်းထားတဲ့ လယ်ယာမြေ ဧကပေါင်း သုံးသိန်းကျော်ကို သက်ဆိုင်ရာဒေသခံတွေ ထံ ပြန်ပေးဖို့အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြ သွားမယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။
2014-06-26
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူးခံထား ရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန် မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
2014-06-26
မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ပေးဖို့ Global Witness လို့ခေါ်တဲ့ နိုင်ငံ တကာ စောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာအစိုးရ ကို တောင်းဆိုလိုက်ပါတယ်။
2014-06-26
ညဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးနဲ့ လူ့သိက္ခာ ကိုနိမ့်ကျစေတဲ့ အပြစ်ပေးမှုများဆိုင်ရာ ရပ်တန့်ရေး ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်နာဖို့ မြန်မာအာဏာပိုင်တွေကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International (AI) က ဒီကနေ့ ကြေ ညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2014-06-26
တပ်မတော်သားတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပါဝင်လက်မှတ်ရေးထိုးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-06-26
နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းတွေကို ရခိုင်တိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားအားလုံး လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ အတွက် အဆိုပြုခံထားရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-06-25
တရုတ်နိုင်ငံက စီမံကိန်းတွေမှာရောပတ်ဝန်းကျင်အတွက် ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို သွားရောက်လေ့လာမယ့် မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-06-25
တရုတ်နိုင်ငံက စီမံကိန်းတွေမှာ သဘာ၀ ပတ်ဝန်းကျင် မထိခိုက်ရေးအတွက် ဘယ်လိုဘယ်ပုံ ဆောင်ရွက်နေသလဲဆိုတာ မြန်မာနိုင် ငံ ရှေ့နေများကွန်ရက်က သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
2014-06-25
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအပေါ် ပြင် ဆင်တဲ့ဥပဒေမူကြမ်းကို သမ္မတက ဥပဒေအဖြစ်မနေ့က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
2014-06-25
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ သတင်း မီဒီယာနည်းဥပဒေမူကြမ်း အပေါ် အကြံပြု ကြဖို့ သတင်းမီဒီယာတွေက တာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေ ဒီနေ့ ရန်ကုန်မြို့ ယုဇနတာဝါမှာ ဆွေးနွေးခဲ့ကြပါတယ်။သတင်းမီဒီယာနည်းဥပဒေရေးဆွဲထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စ (ယာယီ)က အဖွဲ့ဝင် ကိုဇော်သက်ထွေး ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားပါတယ်။