သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-28
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မြို့မ ၁၃ ရပ်ကွက်မှာ မနေ့ညက သေနတ်နဲ့ ပစ်ခတ် မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
2017-05-28
နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင် ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းလို့ မရတဲ့အတွက် အဲဒီအချက်ကို အခုကျင်းပနေတဲ့ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းနိုင်တော့မှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2017-05-28
ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံညှိုနှိုင်းနေချိန် အတွင်း မြေပြင်မှာ တိုက်ပွဲတွေမဖြစ်ဖို့၊ လက်နက် ကိုင်တပ်တွေ ကိုယ့်မူလတပ်ရင်းမှာ ပြန်နေကြ ဖို့တွေ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြု စာချုပ်တစ်ရပ်ကို UWSA ဦးဆောင်တဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့တို့ က တောင်းဆိုလိုက်ပါတယ်။
2017-05-27
စစ်အစိုးရအုပ်ချုပ်မှုကနေ ပြုပြင်ပြောင်းလဲ လာအောင် အမေရိကန်အစိုးရက ကူညီခဲ့ တဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို ကျောခိုင်းပြီး အနောက်နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးလာရမယ့်အစား အခုတော့ ပြောင်းပြန်ဖြစ်နေပြီလို့ ဝါရှင်တန်မှာ မနေ့က ဖြန့်ချိတဲ့ အေပီ သတင်းဆောင်းပါး မှာ ဖေါ်ပြထားပါတယ်။
2017-05-27
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစုအဖွဲ့အလိုက်ဆွေးနွေးနေကြတာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2017-05-27
မဟနနဲ့ မဘသ ကွဲအောင် ကြံစည်နေသူတွေ ရှိနေပြီး မဘသ နာမည်မသုံးဖို့ ဆုံးဖြတ်ချက်မှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က အဓိက တရားခံ မဟုတ်ဘူးလို့ မဘသ ဥက္ကဌ ဆရာတော် ဘန္ဒန္တတိလောကာ ဘိဝံသက ဒီကနေ့ မိန့်ကြားလိုက် ပါတယ်။
2017-05-27
မေလ ၂၇ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" ဒုအကြိမ် ၂၁ ပင်လုံညီလာခံအပေါ် အမြင်များ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးသန်းစိုးနိုင် (နိုင်ငံရေး လေ့လာသူ) က ပင်တိုင်ဆွေးနွေး မှာ ဖြစ်ပါတယ်။
2017-05-27
လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအကြိမ် အစည်းအဝေးကို တစ်ရက်ထပ်တိုးကျင်းပမယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
2017-05-27
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာ နားမှာရှိတဲ့ မိုးကြိုးဆာလ်ဖျုရစ် အက်စစ်စက်ရုံကနေ အက်စစ် အနံ့တွေထွက်တာကြောင့် စက်ရုံကို ရွှေ့ပြောင်းပေးဖို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ကို ဒေသခံတွေက ဒီကနေ့ စာရေးပြီးတောင်းဆိုလိုက် ပါတယ်။
2017-05-27
အမျိုး၊ ဘာသာသာသနာ ကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ မဘသ ကို ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေးနဲ့ နာမည်ပြောင်းဖို့ ကိစ္စတွေ ဟာ အဖွဲ့ဝင်တွေရဲ့ သဘောအတိုင်းသာ ဖြစ်တယ်လို့ မဘသအဖွဲ့ ဒုဥက္ကဌ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာ ဘိဝံသ က မိန့်ကြားပါတယ်။
2017-05-27
ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံ ညှိနှိုင်းနေချိန်အတွင်း မြေပြင်မှာတိုက်ပွဲတွေ မဖြစ်ဖို့၊ လက်နက် ကိုင်တပ်တွေ ကိုယ့်မူလတပ်ရင်း မှာ ပြန်နေကြဖို့ စတဲ့အချက် တွေပါဝင်တဲ့ “အပစ်အခတ် ရပ်စဲရေး အဆိုပြုစာချုပ်”တစ်ရပ်ကို UWSA ဦးဆောင် တဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။
2017-05-27
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စည်ပင် သာယာဆိပ်ကမ်းကနေ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆိပ်ကမ်းအထိ ဧရာဝတီမြစ်ကမ်းဘေးတလျှောက်မှာ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးလှုပ်ရှားမှု ကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2017-05-27
အစိုးရဝန်ထမ်းတွေရဲ့လစာတိုးမြင့်ဖို့ အစီအစဉ်မရှိသေးဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြီးခဲ့တဲ့ရက် လွှတ်တော်အစည်းအဝေး မှာ ဖြေကြားသွားခဲ့ပါတယ်။
2017-05-27
UNFC အဖွဲ့အနေနဲ့ လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံကို တက်ရောက်နိုင်ခြင်းမရှိပေမယ့် NCA စာချုပ်မှာ ပြင်ဆင် ဖြည့်စွက်ဖို့ အစိုးရကို တင်ပြထားတဲ့ မူ ၉ ချက်ကို ကိုင်ဆွဲထားပြီး အဲဒီအချက်တွေကို ပြင်ဆင်ဖြည့်မယ်ဆိုရင် NCA လမ်းကြောင်းအတိုင်း ဆက်လက်သွားမယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ ပြောပါတယ်။
2017-05-27
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို အထူးဖိတ်ကြားထားသူတွေအဖြစ် နေပြည်တော်ကို ရောက်ရှိနေတဲ့ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တေ့ွဆုံခဲ့ပါတယ်။