မဘသ အဖွဲ့ဝင်တွေကို အထူးအသိပေး ရှင်းလင်းပွဲ
2017.05.27
မဟနနဲ့ မဘသ ကွဲအောင် ကြံစည်နေသူတွေ ရှိနေပြီး မဘသ နာမည်မသုံးဖို့ ဆုံးဖြတ်ချက်မှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က အဓိက တရားခံ မဟုတ်ဘူးလို့ မဘသ ဥက္ကဌ ဆရာတော် ဘန္ဒန္တတိလောကာ ဘိဝံသက ဒီကနေ့ မိန့်ကြားလိုက် ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို) မဘသ အဖွဲ့ဝင်တွေကို အထူးအသိပေး ရှင်းလင်းပွဲမှာ မဘသ ဥက္ကဌ ဆရာတော်က အဲဒီလို မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။