၂၁ ပင်လုံညီလာခံ တစ်ရက်ထပ်တိုးပြီး ကျင်းပမည်
2017.05.27

Photo: Win Ko Ko Latt/RFA
လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအကြိမ် အစည်းအဝေးကို တစ်ရက်ထပ်တိုးကျင်းပမယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
ပင်လုံညီလာခံကို နေပြည်တော်မှာ မေလ ၂၄ ရက်ကနေ ၂၈ ရက်အထိ ၅ ရက်တာကျင်းပမယ်လို့ မူလက စီစဉ်ထားတာလည်းဖြစ်ပေမယ့် ညှိနှိုင်းစရာအချက်တစ်ချက် ရှိနေသေးလို့ တစ်ရက်ထပ်တိုးတာလို့ ဦးလှမောင်ရွှေက ပြောပါတယ်။
အဲဒီညှိနှိုင်းစရာအချက်က ဘယ်အချက်ဖြစ်တယ်၊ ဘယ်ကဏ္ဍဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ပြောကြားဖို့ ဦးလှမောင်ရွှေက ငြင်းဆန်ပါတယ်။
ကျင်းပဆဲ ပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးကဏ္ဍ ငါးရပ်ကို အစုအဖွဲ့အလိုက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။