သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-27
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် တိုင်းရင်းသားပါတီတွေက လည်း ပူးပေါင်းပါဝင်သွားမယ်လို့ ဒီနေ့ ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့ အစည်းရုံးခန်းမှာကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲမှာ ပြောပါတယ်။ အာအက်ဖ်အေ သတင်းထောက် မစန်းမော်အောင် တင်ပြထားပါတယ်။
2014-05-27
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ လူထုဆန္ဒလက်မှတ်ကောက်ခံ မှုကို နိုင်ငံအနှံ့မှာ ဒီနေ့ စတင်လိုက်ပါတယ်။ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်က လက်မှတ် ရေးထိုးပွဲကို အနုပညာရှင်တွေလည်း လာရောက် လက်မှတ်ရေးထိုးကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုနေမျိူးထွန်း တင်ပြထားပါတယ်။
2014-05-27
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ရေး အစီအစဉ် ကို မန္တလေးမြို့မှာ ဒီကနေ့ စတင်ကြပါတယ်။ ဒီအကြောင်း အာအက်အေအဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
2014-05-27
မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စုမှာ အလယ်ပိုင်းတိုင်း စစ်ဋ္ဌာန ချုပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ ၅၃၈ ဧကကို လာမယ့် ဇွန်လ နောက်ဆုံးထားပြီး မှုလ ပိုင်ရှင်တွေကို စီစစ်ပြီး ပြန်လည်ပေးအပ်တော့မှာဖြစ်ပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါ တယ်။
2014-05-27
ရခိုင်ပြည်နယ်မှာ မိုးမကျခင် ကျင်းပလေ့ရှိတဲ့ ဘုရားပွဲတော်တွေအတွင်း ရခိုင်ရိုးရာ လှေပြိုင်ပွဲတွေလည်း ကျင်းပကြပါတယ်။ ရခိုင်ရိုးရာ လှေပြိုင်ပွဲအကြောင်း RFA သတင်းထောက် မရတနာဦး တင်ပြထားပါတယ်။
2014-05-27
၂၀၀၈ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ၄၃၆ ကို ပြင်ဆင်ရေး လက်မှတ်ရေး ထိုးပွဲတွေကို ပြည်နယ်တွေမှာလည်း လုပ်ဆောင်နိုင်ဖို့ အတွက် တိုင်းရင်းသားပါတီတွေအပြင် လက်နက်ကိုင် အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၈၈ မျိုးဆက် အဖွဲ့က ဒီနေ့ ပြောပါတယ်။
2014-05-27
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာရှိတဲ့ "ကံကောင်းခြင်း ရတနာ" သစ်အချောထည်စက်ရုံက အလုပ်သမားခြောက်ရာလောက်ကို အလုပ်ပြန်ခန့်ပေးဖို့ ဒီနေ့ အလုပ်သမားကိုယ်စားလှယ်တွေက တောင်းဆိုလိုက် ပါတယ်။
2014-05-27
ဒီနေ့ကျရောက်တဲ့ ၁၉၉၀ ပြည့်နှ စ်အထွေထွေရွေးကောက်ပွဲ ၂၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပခဲ့ပြီး အဲဒီအချိန်က ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
2014-05-27
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ သာစည်ကျေးရွာမှာ လယ်ယာမြေတွေ ပြန် လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆို ဖို့ တောင်သူတွေက ငဖဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ဆီမှာ ခွင့်ပြုချက်တောင်းခံတာကို မြို့နယ်ရဲမှူးက မနေ့က ငြင်းပယ် လိုက်ပါတယ်။
2014-05-27
နိုင်ငံရေးပါတီတွေကို မြေကွက်နဲ့ ကားပါ မစ်တွေ ချပေးဖို့အတွက် ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဌက နိုင်ငံတော် သမ္မတရုံး ကို တင်ပြလိုက်တယ်လို့ သိရပါတယ်။
2014-05-27
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော် အတွင်းက ပြင်ဆင်သွားတာဟာ အကောင်း ဆုံး ဖြစ်ကြောင်းနဲ့ လွှတ်တော်ဟာ ပြည်သူတွေရဲ့ အသံကို ရောင်ပြန်ဟတ်ရဲ့လားဆိုတာ စမ်းသပ်ရ မှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2014-05-27
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်ပေးပို့လိုသူတိုင်း လာမယ့် ဇွန်လ ၂၀ ရက်နေ့မတိုင်ခင်အထိ အစိုးရက ဖွဲ့စည်းထားတဲ့ ဥပဒေ ကြမ်း ရေးဆွဲရေးကော်မရှင်ထံ ပေးပို့နိုင်ကြောင်း အစိုးရက တိုက်တွန်းလိုက်ပါတယ်။ အဲဒီဥပဒေမူကြမ်း မထွက်ပေါ်မီ ကတည်းက လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဆန့်ကျင်ကန့်ကွက်ထား ကြတာ ဖြစ်ပါတယ်။
2014-05-27
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲမှာ အနုပညာရှင်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2014-05-27
ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ်ကို မြစ်ကြီးနားမြို့မှာ မေလ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-05-27
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်လုံး ဆိုင်ရာ လူထုဆန္ဒ ထုတ်ဖော်ပွဲနဲ့ဟောပြောပွဲကို သာကေတမြို့နယ်မှာ မနေ့က ပြုလုပ်ခဲ့ရာမှာ ၈၈ မျိုးဆက်အဖွဲ့နဲ့ လူမှုအဖွဲ့အစည်း တွေက ကိုယ်စားလှယ်တွေ၊ စာပေအနုပညာရှင်တွေ ပါဝင်ဟောပြောခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။