၁၉၉၀ ရွေးကောက်ပွဲ ၂၄ နှစ်မြောက် အခမ်းအနားကျင်းပ
2014.05.27

ဒီနေ့ကျရောက်တဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ၂၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပခဲ့ပြီး အဲဒီအချိန်က ရွေးကောက် တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ အခမ်းအနားမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကြောင်း အခုလို ပြောခဲ့ပါတယ်။
"၂ဝ၁၅ ဆိုတာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ဆုံးဖြတ်ချက်ပေးမယ့်နှစ်လို့ ပြောနိုင်ပါတယ်၊ တိုင်းပြည်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်လိုမှမခန်းမှန်းနိုင်ပါဘူး၊ ငြိမ်းချမ်းရေးကိစ္စတွေ၊ ဖွဲ့စည်းပုံပြင်တဲ့ကိစ္စတွေ၊ တောင်သူလယ်သမားကိစ္စတွေရှိတယ်"
ဒီနေ့ အခမ်းအနားကို ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က ကိုယ်စားလှယ် ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။