သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပုံရွာအနီးက တောက် ပကြယ်လုပ်ကွက်မှာ အလေးချိန် ခန့်မှန်း ၄ တန် လောက်ရှိတဲ့ ကျောက်စိမ်း ၁ လုံးကို ရေမဆေး သမားတွေက မနေ့က တွေ့ရှိထားပြီး ဒီနေ့ မှော်ပုံရွာ စာသင်ကျောင်းအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာမှာ သယ်ယူထားပါတယ်။
2017-04-27
မွန်ပြည်နယ်မှာ ဒေသခံမွန်လူမျိုးတွေနဲ့ မွန်ပြည်နယ် လွှတ်တော်တို့ အပြင်းအထန် ကန့်ကွက်နေတဲ့ကြား ကပဲ NLD အစိုးရနဲ့ လွှတ်တော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားကို ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။
2017-04-27
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ရခိုင် ဒုက္ခသည်စခန်းကို ဖျက်သိမ်းလိုက်ပြီး မိ သားစုတွေကို ပြင်ဖြူမော်ကျေးရွာ ကို ပြောင်းရွှေ့နေပြီဖြစ်ပါတယ်။
2017-04-27
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က စွန်ရဲအင်းစိုက်ကွင်းအတွင်း ဝင်ရောက်ထွန် ယက် စိုက်ပျိုးခဲ့တဲ့ တောင်သူ ၇ ဦးကို စဉ့် ကိုင်တရားရုံးက တစ်ဦးကို ထောင်ဒဏ် နှစ်လစီ ချမှတ်လိုက် ပါတယ်။
2017-04-27
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မိမြို့ဖ ဦးသာစိန်က တပ်မတော်(ရေ) အရာရှိနဲ့ စစ်သည်တွေဟာ သူ့အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့တယ်ဆိုပြီး စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြား လိုက်ပါတယ်။
2017-04-27
မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ် ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ဆိုတဲ့ ဆိုင်းဘုတ်ကိုတင်ပြီး ဒီကနေ့ကစလို့ ဖြတ်သန်းသွား လာခွင့် ပြုလိုက်ပါတယ်။
2017-04-27
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စိုက်ပျိုးရေးနဲ့ သတ္တုထုတ်ကုန်တွေ တရုတ်ပြည်ဘက် သယ်ယူရာမှာ အသုံးပြုနေကြတဲ့ ယာဉ်အဝင်အထွက် စာရင်းတွေကို ဥပဒေနဲ့အညီစိစစ်ဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်နေပါတယ်။
2017-04-27
ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ လူသား ချင်းစာနာထောက်ထားမှု၊ အသက်မွေး ဝမ်းကျောင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေအတွက် ပြင်သစ်နိုင်ငံက ယူရိုငွေ ၇ သိန်းကိုပေးအပ်သွားမယ် လို့ ပြင်သစ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
2017-04-27
YBS အဆိုကိုဆုံးဖြတ်မယ့် ဒီနေ့ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ကို မတက်ရောက်နိုင်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခွင့်တိုင်ကြားခဲ့တဲ့အတွက် မတက်ရောက်နိုင် ခဲ့ပါဘူး။
2017-04-26
စစ်ကိုင်းပညာရေးကောလိပ် မှာကျင့်သုံးနေ တဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်ကြောင်း မန္တလေးမြို့ အဆင့်မြင့်ပညာဦးစီးဌာ (အထက်မြန်မာပြည်) ရုံးရှေ့မှာ ဧပြီလ ၂၆ရက်နေ့ က ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2017-04-26
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းတောင် နီကယ်စီမံကိန်းနဲ့၊ ဂရိတ်ဝေါသကြားစက် စီမံကိန်းမှာ ဒေသခံတောင်သူတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ကာလပေါက်ဈေး အတိုင်း လျော်ကြေးပေးဖို့ ဒေသခံတောင်သူတွေက ဒီကနေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-04-26
ရှမ်းပြည်နယ်မှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ မူး ယစ်ဆေးပြားတွေ လွယ်လွယ်ကူကူထုတ်လုပ်လို့ ရနေပြီး၊ ကရင်ပြည်နယ်တင်မက ရိုးမကျော်ပြီး ရခိုင်ပြည်နယ်ထိရောက်နေတာတွေနဲ့ ပတ်သက် လို့ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-04-26
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း အဖွဲ့ ဝင်တွေအနေနဲ့ ငွေကြေးရယူပြီး သတင်းရေးသားမှု နဲ့ သတင်းထိန်ချန်မှုတွေရှိနေတယ်ဆိုတဲ့ တိုင်ကြား စာတွေရှိလာတာကြောင့် စိစစ်အရေးယူပေးဖို့ သ တင်းမီဒီယာကောင်စီက မြန်မာနိုင်ငံမှုခင်းသ တင်းထောက်များအသင်း၊ နိုင်ငံတော်သမ္မတရုံးနဲ့ ပြည် ထဲရေးဝန်ကြီးဌာနထံ မနေ့က ရက်စွဲနဲ့ အကြောင်း ကြားစာ ပေးပို့လိုက်ပါတယ်။
2017-04-26
ကယန်းပြည်သစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်-ခေါ် ကိုဌေးအောင်ရဲ့ ဈာပနပွဲကို ဒီနေ့ သံလျင်မြို့နယ်မှာရှိတဲ့ "ဒါရ်ကာ" အစ္စလာမ်သင်္ချိုင်းမှာ ကျင်းပခဲ့ပါတယ်။
2017-04-26
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးအဖွဲ့တွေ အခြေစိုက်တဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ပါရှိပေမယ့် ရခိုင် ပြည်နယ်မှာတော့ ကျင်းပခွင့်မရသေးပါဘူး။ ရှေ့လ မေ ၂၄ ရက်နေ့မှာဆိုရင်လည်း ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပဖို့ ဆုံး ဖြတ်လိုက်ပြီဖြစ်ပါတယ်။