ပြင်သစ်အစိုးရက ရခိုင်နဲ့ ကချင်ပြည်နယ်အတွက် လှူဒါန်း
2017.04.27

ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု၊ အသက်မွေးဝမ်းကျောင်းနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် ပြင်သစ်နိုင်ငံက ယူရိုငွေ ၇ သိန်းကို ပေးအပ်သွားမယ်လို့ ပြင်သစ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ မကြာသေးခင်က ကချင်ပြည် နယ်ကဒေသခံတွေအတွက် ယူရိုငွေ ၂,၃၅၀၀၀ ကို ပေးအပ်ခဲ့သလို ရခိုင်ပြည်နယ်က ကလေးသူငယ်တွေရဲ့ အာဟာရချို့တဲ့မှုပြဿနာကို ရေရှည်တိုက်ဖျက်နိုင်ဖို့အတွက် အခုနှစ်မှာလည်း အထောက်အပံ့တွေ ဆက်လက်ပေး အပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ ACTED အဖွဲ့အစည်းနဲ့အတူ အကောင်အထည်ဖေါ်နေတဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ အသိုင်း အဝိုင်းနှစ်ခုစလုံးရဲ့ စားဝတ်နေရေးအတွက် အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ဆက်လက်ထောက်ပံ့နေသလို ချို့တဲ့ ပြီး ထိရှလွယ်တဲ့ အမျိုးသမီးတွေကို ပြန်လည်မြှင့်တင်တာတွေကိုလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အစားအစာနဲ့ အာဟာရချို့တဲ့ ပြဿနာကိုရေရှည် တိုက်ဖျက်နိုင်ဖို့အတွက် ပြီးခဲ့ တဲ့ ၅ နှစ်တာကာလအတွင်းမှာ လူမှုအဖွဲ့အစည်းတွေကနေတဆင့် ယူရိုငွေ ၇ သန်းကျော်ထောက်ပံ့ခဲ့တယ် လို့လည်း သိရပါတယ်။