သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-28
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုရွာအနီးမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ မနေ့ မနက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာ ဒီနေ့ထိ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
2019-03-27
ပြည်ထောင်စုလွှတ်တော်အတွင်း ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးအတွက် လူများစု NLD အမတ်များက အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေစဉ် တပ်မတော်ဘက်က စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။
2019-03-27
ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်တင်းကြပ်ပေမယ့် ဝါဒဖြန့်ချိရေးအတွက် နိုင်ငံတကာ မီဒီယာတွေထဲ ထိုးဖောက်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေပါတယ်။
2019-03-27
■ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူ အားလုံးနဲ့အတူ လက်တွဲပါဝင်လာဖို့ နှိုးဆော်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိက ပြောလိုက်ပါတယ်။
2019-03-27
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ လူအများညီလို့ ဆောင်ရွက်တာဟာ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။
2019-03-27
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ နှစ်သောင်းနှစ်ထောင်ကျော် ရှိနေပြဖြစ်
2019-03-27
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို ရခိုင်အမျိုးသားပါတီ ANP က ကောက်ယူနေတယ်လို့ သိရပါတယ်။
2019-03-27
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ မဲရလဒ်တွေကို ဧပြီ ၇ ရက်နေ့ မတိုင်ခင်မှာ ကြေညာပေးမယ်လို့ စည်ပင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။
2019-03-27
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ “ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း” ကို သမ္မတဦးဝင်းမြင့်က မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
2019-03-27
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ လူအများညီလို့ ဆောင်ရွက်တာဟာ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။
2019-03-27
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လှုပ်ရှားမှုအနေနဲ့ ရန်ကုန် - လွိုင်ကော် - တောင်ကြီး - မန္တလေး မိုင်ပေါင်း ၁၅၀၀ ခန့်နီးပါးကွာဝေးတဲ့ ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးစဉ်ကို ရန်ကုန်မြို့ကနေ ဒီနေ့မနက်မှာ စတင်လိုက်ပါတယ်။
2019-03-27
နယ်မြေကျော် လက်နက်ကိုင်ဆောင်တာ၊ အစိုးရကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်သစ်ပါတီကို ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပို့လိုက်ပါတယ်။
2019-03-27
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေရင်း အကြမ်းဖက်ဝါဒနဲ့ တစ်ဖက်သက် စွပ်စွဲပုတ်ခတ် ခြိမ်းခြောက်မှုများကို ခုခံရုန်းကန်နေရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြောလိုက်ပါတယ်။
2019-03-26
ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့၊ အရပ်သားတွေ သေကြေဒဏ်ရာရနေရတာ ကာကွယ်ဖို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဝါရှင်တန်ဒီစီမြို့မှာ မတ်လ ၂၅ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2019-03-26
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ဒီကနေ့ကြားနာပြီး အပြန်အလှန် လျှောက်လဲချက် ပေးခဲ့ကြပါတယ်။