ငြိမ်းချမ်းရေး လှုပ်ရှားမှု ဆိုင်ကယ်ခရီး စတင်ထွက်ခွာ


2019.03.27
peace-movement-motobike-trip-622.jpg ငြိမ်းချမ်းရေး လှုပ်ရှားမှု ဆိုင်ကယ်စီးခရီးစဉ် အဖွဲ့ဝင် အချို့ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လှုပ်ရှားမှုအနေနဲ့ ရန်ကုန် - လွိုင်ကော် - တောင်ကြီး - မန္တလေး မိုင်ပေါင်း ၁၅၀၀ ခန့်နီးပါးကွာဝေးတဲ့ ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးစဉ်ကို ရန်ကုန်မြို့ကနေ ဒီနေ့မနက်မှာ စတင်လိုက်ပါတယ်။

ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပြည်သူလူထု ပိုမိုပါဝင်လာဖို့၊ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသက တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို အများပြည်သူ သိရှိလာဖို့အတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးစဉ်ကို ဆောင်ရွက်တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဆိုင်ကယ်စီးတဲ့ အဖွဲ့ဝင် ၄၀ ကျော်ဟာ ရန်ကုန်မြို့ ထောက်ကြံ့မှာရှိတဲ့ ၀ မိုင်ကနေ ဒီနေ့မနက်မှာ စတင်ထွက်ခွာသွားတာဖြစ်ပြီး လမ်းခရီးတစ်လျှောက်မှာရှိတဲ့ ဆိုင်ကယ်စီးအဖွဲ့တွေကလည်း သက်ဆိုင်ရာမြို့တွေ ရောက်တဲ့အချိန်မှာ ပူးပေါင်းပါဝင်မယ်လို့ သိရပါတယ်။

ရန်ကုန် - မန္တလေး လမ်းဟောင်းအတိုင်း ပျဉ်းမနားမြို့ထိ စီးနင်းမှာဖြစ်ပြီး အဲဒီကနေ လွိုင်ကော် - ဆီဆိုင် - ဟိုပုန်း - တောင်ကြီး - မိုင်းရှုး - ကျောက်မဲ - နောင်ချိုနဲ့ ပြင်ဦးလွင်မြို့တွေကို ဖြတ်သန်းပြီး မန္တလေးမြို့အထိ စီးနင်းမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လှုပ်ရှားမှု ဆိုင်ကယ်စီးခရီးစဉ်ကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဆိုင်ကယ်စီး ဝါသနာရှင်တွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မတ်လ ၃၀ ရက်နေ့မှာ ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။