သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေဖြစ်တဲ့ ဒေါက်တာ စိုးမိုးသူ၊ ဦးဉာဏ်လင်းနဲ့ ဦးစိန်ဝင်းတို့ကို ပါတီကပေးအပ်ထားတဲ့ တာဝန်အသီးသီးကနေ ရုပ်သိမ်းလိုက်ကြောင်း ဒီနေ့ ကြေ ညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-11-26
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၈ ဦး အမည်စာရင်းကို ဒီနေ့ ထုတ်ပြန်လိုက် ပါတယ်။
2016-11-26
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လိုအပ် ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက ပြော ပါတယ်။
2016-11-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေးမြို့ကနေ မူဆယ်မြို့ကိုတင်ပို့မယ့် ကုန်စည်တွေအတွက် ကုန်စည်တင်ဆောင်ခဟာ အရင်ကထက် ထက်ဝက်ကျော် ဈေးတက်လာပါတယ်။
2016-11-26
တပ်မတော်နဲ့ ဝန်ကြီးဌာနအချို့က သိမ်းယူထားတဲ့ လှိုင်မြို့နယ်မှာရှိတဲ့ ရပ်ကွက် ပေါင်း ၁၆ ခုက အများပြည်သူ ပိုင်မြေတွေကို ပြန်ပေးဖို့ ဗဟိုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကနေ တဆင့် တောင်းဆိုသွားမယ်လို့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောပါ တယ်။
2016-11-26
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗီဇာစည်းကမ်းနဲ့အညီ နေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူသွား မယ်လို့ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဖွဲ့ ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရ တာဝန်ရှိသူတွေ က ပြောပါတယ်။
2016-11-26
အခုလ ၂ဝ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။
2016-11-26
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင် ပြင်စလူမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတချို့က ဒေသခံတွေဟာ သစ်တောပိုင်မြေထဲပါနေတဲ့ လယ်ယာမြေတွေထဲက သူတို့စိုက်ပျိုးထား တဲ့စပါးတွေကို ရိတ်သိမ်းခွင့်ပေးဖို့ ဒီကနေ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌကို သွားရောက် တောင်းဆိုခဲ့ကြပါတယ်။
2016-11-26
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ တရားစွဲ ဖမ်းဆီးခံထားရတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ Daily Eleven media ရဲ့အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို တာမွေမြို့နယ် တရားရုံးမှာ ဒီကနေ့ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2016-11-25
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေကို စစ်တပ်ကနှိမ်နင်းရာမှာ လူမျိုးဘာသာခွဲခြားပြီး မုဒိမ်းကျင့် သတ်ဖြတ်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်ပေါက်နေ တာနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ မလေးရှားနိုင်ငံကွာလာလမ် ပူမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွေမှာ မွတ်စလင်ထောင်ပေါင်းများစွာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-11-25
နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်း အနားကို ရခိုင်အမျိုးသမီးများအစည်းအရုံး RWU က စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-11-25
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ကနေ မူဆယ်ကိုသွားတဲ့ ကုန် ကားအရေအတွက်နည်းပါးနေပြီး ကုန်စည်တင်ဆောင် ခတွေဟာလည်း တစ်တန်ကို ထက်ဝက်ကျော်မြင့်တက် လာတယ်လို့ မန္တလေး အခြေစိုက် ကုန်သည်တွေက ပြော ပါတယ်။
2016-11-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကို ပါတီကနေ ထုတ်ပယ်ပြီး ရှမ်းပြည်နယ် ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးကိုလည်း ရာထူးကနေ ဖယ်ရှားဖို့ အတွက် ဒီကနေ့ပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်လို့ ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
2016-11-25
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့နယ် က ဒေသခံ ၂၀၀ ကျော်ဟာ ထားဝယ်မြို့နယ်မှာ ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲပြုလုပ်ပြီး သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးအတွက် တောင်းဆိုကြပါတယ်။
2016-11-24
၉၆ ကြိမ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သူ ဆရာကြီးဦးရာဇတ်ရဲ့ ရုပ်တုကို မန္တလေးတက္ကသိုလ် ဝင်းထဲမှာ စိုက်ထူနိုင်ခဲ့ပါတယ်။