မန္တလေး - မူဆယ် ကုန်တင်ခ ထက်ဝက်ကျော်မြင့်တက်


2016.11.26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေးမြို့ကနေ မူဆယ်မြို့ကိုတင်ပို့မယ့် ကုန်စည်တွေအတွက် ကုန်စည်တင်ဆောင်ခဟာ အရင်ကထက် ထက်ဝက်ကျော် ဈေးတက်လာပါတယ်။ အရင်က ကုန်စည်တစ်တန်ကို တင်ပို့ခ ငွေကျပ် ၆ သောင်းသာ ကျသင့်ပေမယ့် လက်ရှိအချိန်မှာ ၁သိန်းအထိ ကျသင့်နေတာဖြစ်တယ်လို့ မန္တလေးကနေ မူဆယ်ကို သစ်သီးတင်ပို့နေတဲ့ ကုန်သည် ကိုစိုင်းမင်းသူနိုင် က ပြောပါတယ်။

 

ကိုစိုင်းမင်းသူနိုင်ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။