သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-28
မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် ခလရ ၂၀၈ တပ်မှာ ထိမ်းသိမ်းထားစဉ် သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးအမူကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူပေးဖို့ မနေ့ညပိုင်းက မန္တလေးမြို့ မှာ နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအသင်းအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။
2014-10-28
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တည်ထောင်ထားတဲ့ ဟိုတယ်ဝန်ဆောင်မူလုပ်ငန်း သင်တန်း ကျောင်း ကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အောက်တိုဘာ လ ၂၅ ရက်နေ့ စနေနေ့က ဖွင့်လှစ်ပွဲအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်စကားပြောကြားခဲ့ပါတယ်။
2014-10-28
နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) က ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို မနေ့က စစ်တွေဟိုတယ်မှာ ဒေသခံအချို့ကို ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။
2014-10-28
အခုဆက်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-10-28
မန္တလေးမြို့ပြင်မှာ ရပ်ကွက်တွေမှာနေထိုင်ကြသူတွေက သူတို့ကို အာဏာပိုင်တွေက ကျူးကျော် တွေအဖြင့်စွပ်စွဲပြီး မူလနေရာကနေ အိုးအိမ်တွေ ပြောင်းရွေ့ခိုင်းနေတာနဲ့ ပါတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲလုပ်ပါတယ်။
2014-10-28
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ဘန်းချောင်းဒေသမှာ အကောင်အထည်ဖော်နေတဲ့ ကျောက် မီးသွေးတူးဖော်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ရွာသားတွေက သတ္တုတွင်းလုပ်ငန်း၊ သစ်တောရေးရာ ဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေကို မနေ့ က တွေ့ဆုံဆွေးနွေး ပွဲမှာ တောင်းဆိုလိုက်ပါတယ်။
2014-10-28
ပြည်သူ့ဘက်မှာ တချိန်ကရပ်တည်ခဲ့ပေမယ့် ဒီကနေ့လက်ရှိမှာ ဒီမိုကရေစီရေးကို သေးသိမ်အောင် လုပ်ဆောင်မယ်ဆိုရင် အဲဒီလို မီဒီယာမျိုးတွေကို သတိထားရမှာဖြစ်တယ်လို့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2014-10-28
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ ဆန္ဒပြတောင်းဆိုမှုတွေအပေါ် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဝေဖန်လိုက်ပါတယ်။
2014-10-28
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ခဲ့တဲ့ တရားခံတွေဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား တဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးအမှုကို ထိုင်းနိုင်ငံ ဗဟိုအစိုးရရှေ့နေရုံးက ပြန်လည်စဉ်းစားသုံးသပ်ပေး ဖို့ မြန်မာသံရုံးအဖွဲ့က ဒီကနေ့ သူတို့နှစ်ဦးရဲ့ ထွက်ဆို ချက်တွေနဲ့ ပေးပို့လိုက်ပါတယ်။
2014-10-28
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖော် ထုတ် အရေးယူပေးဖို့လူ့အခွင့်ရေးဆောင် ရွက်နေတဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ က မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2014-10-28
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ် အရေးယူပေးဖို့အတွက် ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့သူတွေထဲက တချို့ကို သက်ဆိုင်ရာရဲစခန်းတွေက တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါတယ်။
2014-10-27
ပန်ဒါ ဝက်ဝံတွေကို နိုင်ငံတကာက ချစ်ခင်ပြီး၊ စိတ်ဝင်စားနေကြရာမှာ ၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မှာ ရှားပါး ပန်ဒါဝက်ဝံအနီတွေကို တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။
2014-10-27
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာလူငယ် နှစ်ဦးဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို နောက်ထပ် အနည်းဆုံး ၁၂ ရက် ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။
2014-10-27
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သမားတွေ ဖမ်းဆီးမိတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အကြမ်းဖက်မှုလုပ်ရပ်တွေကို စုံစမ်းဖော်ထုတ်နေရာမှာ တချို့ကိစ္စတွေကို ဖော်ထုတ်ဆဲဖြစ်တာကြောင့် အားလုံး စစ်ဆေးပြီးစီးတဲ့အခါ သတင်းထုတ်ပြန်သွားမယ်လို့ ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။
2014-10-27
ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက် ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။