သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-28
မြန်မာလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ မြန်မာ့အင်တာနက် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖန်တီးရေးအတွက် သမ္မတ ဦးသိန်းစိန်ရဲ့ အစီအစဉ်သစ်ကို ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် ESCAP က နေပြည်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကော်ပိုရေးရှင်း ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ကြေညာခဲ့ပါတယ်။
2014-01-28
ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယရုံး ဝန်ကြီး Mr.Hugo Swire ဟာ မြန်မာနိုင်ငံ ကို မနေ့က ဒုတိယအကြိမ်မြောက် ရောက် ရှိလာခဲ့ပါတယ်။
2014-01-28
အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်ရောက် မြန်မာဒုက္ခသည်တွေ အထူးသဖြင့် ချင်းပြည်နယ်က ရောက်ရှိ လာခဲ့ကြတဲ့ အမျိုးသမီး ဒုက္ခသည်တွေဟာ အခက်အခဲမျိုးစုံ နဲ့ ရင်ဆိုင်နေကြရတယ်လို့ BCD ခေါ် Burma Center Delhi အဖွဲ့နဲ့ ပန်းနု ဖေါင်ဒေးရှင်းတို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။
2014-01-28
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရင် သုံးစွဲဖို့ဆိုပြီး သတ်မှတ်ထားတဲ့ အရေးပေါ်ရန်ပုံငွေထဲက ကျပ်သန်း ၂ ထောင်ကျော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန က နေပြည်တော်လေဆိပ် အဝင်လမ်းပြုပြုင်မှုမှာ သုံးစွဲ လိုက်တယ်လို့ သိရပါတယ်။
2014-01-28
အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် အမြန်ဆုံး လွတ်မြောက်ရေး အတွက် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင်ရက္ခဝံသဟာ ဒီကနေ့ ကျောက်တော် မြို့နယ် မဟာမြတ်မုနိဘုရားကြီးမှာ လမ်းလျှောက် ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပါတယ်။
2014-01-28
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ (စ) ကို လက်ရှိအချိန်မှာ ပြင်ဆင်ဖို့မသင့်ကြောင်း၊ ပြင်ဆင်မယ်ဆိုရင်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ( တစည ) အနေနဲ့ ကန့်ကွက်သွားမှာဖြစ်ကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ပြီးခဲ့တဲ့ရက်က ထုတ်ဖော်ပြောကြားပါတယ်။
2014-01-28
ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အနေနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ပြဿနာတွေကို အားလုံးမျက်နှာချင်း ဆိုင် တွေ့ဆုံဖြေရှင်းနိုင်တဲ့ အချိန်ရောက်မှသာ တက်ရောက်ဆွေးနွေးမှာဖြစ်ကြောင်း ၀ ဒီမိုကရက် တစ်ပါတီ အကြီးအကဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ်က ပြောကြားလိုက်ပါတယ်။
2014-01-28
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအမတ်ကြီး Mr. Roland Kobia နဲ့ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီစတဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သံအရာရှိ ၁၀ ဦးလောက်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာကို လာမယ့်ဇန်နဝါရီ ၃၀ ရက်နေ့မှာ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
2014-01-28
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ ပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်ခဲ့တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် က ပြောကြားလိုက်ပါတယ်။
2014-01-28
ဦးသိန်းစိန် အစိုးရလက်ထက်မှာ အကြီးဆုံး နိုင်ငံတကာ အကူအညီတစ်ခုအဖြစ် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်းနှစ်ထောင် ချေးငွေထောက်ပံ့ကူညီဖို့ မနေ့က သဘောတူညီလိုက်ပါတယ်။
2014-01-28
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ကနေ မြန်မာနိုင်င ံဖွံ့ဖြိုးတိုးတက်ရေး အကူအညီချေးငွေ ODA Loan ဂျပန်ယန်း ၆၃ ဒသမ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၆၀၀ ခန့်) ကို ချေးယူဖို့ သဘောတူကြောင်း ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပါတယ်။
2014-01-28
မတူညီတဲ့ ဘာသာဝင်တွေအကြား အပြန်အလှန်နားလည်မှု၊ ငြိမ်းချမ်းမှုတွေ ရှိလာစေဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့အခြေစိုက် SMILE ပညာရေးဖောင်ဒေးရှင်းက လူငယ်တွေ ဇန်နဝါရီလ ၂၆ ရက်နေ့က မွတ်စလင် ဗလီ၊ ခရစ်ယာန် ဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုရားပုထိုးတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-01-28
စစ်ကိုင်းတိုင်း ချောင်းဦးနဲ့ မြောင်မြို့နယ်အတွင်းက လယ်သမားတွေဟာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရလိုတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စန်းစန်းတင်က တင်ပြထားပါတယ်။
2014-01-28
KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံအပြီးမှာ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း" ကိုတိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့က လက်မှတ်ရေးထိုး လိုက်ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-27
လွှတ်တော်မပေါ်ပေါက်ခင် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလမှာ ပြည်ထောင်စု မြန်မာနိုင်ငံ ပြန်တမ်းကနေ ထုတ်ပြန်လိုက်တဲ့ အရန်တပ်ဖွဲ့ဥပဒေမှာ လိုအပ်ရင် လက်ရှိကာကွယ်ရေးဦးစီးချုပ်က အရင်ကာကွယ်ရေးဦးစီးချုပ်ကို ပြန်ခေါ်နိုင်တယ်လို့ ပြဌာန်းပါရှိပါတယ်။ ဒီဥပဒေအကြောင်းကို ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။