ဒုချီးရာတန်းကျေးရွာကို EU သံတမန်များ သွားကြည့်မည်


2014.01.28
eu-ambassador-305.jpg ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland KOBIA တို့အဖွဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
photo: Pyithuhluttaw Website

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအမတ်ကြီး   Mr. Roland Kobia နဲ့ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီစတဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သံအရာရှိ ၁၀ ဦးလောက်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာကို လာမယ့်ဇန်နဝါရီ ၃၀ ရက်နေ့မှာ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

အဲဒီ သံတမန်အရာရှိတွေဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေနဲ့  ဇန်နဝါရီလ ၂၉ ရက်မှာ တွေ့ဆုံမှာဖြစ်ပြီး ညနေပိုင်းမှာ ရခိုင်နဲ့ မွတ်စလင် နှစ်ဘက်စလုံးက ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ စစ်တွေဟိုတယ်မှာ သီးခြားတွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာကို သွားရောက်ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် နှစ်ဘက်ခေါင်းဆောင်တွေ၊ နိုင်ငံတကာလူမှု အဖွဲ့အစည်းတွေ တွေ့ဆုံမှာဖြစ်တယ်လို့သိရပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် သံအမတ်ကြီးတွေရဲ့ ရခိုင်ခရီးစဉ်ဟာ ၄ ရက်ကြာမြင့်မှာဖြစ်ပြီး ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။