သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-05
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာကို ပြည်တွင်း၊ ပြည်ပ တွင် ဝေဖန်မှုများရှိနေတာကြောင့် အမှုကို ရှုထောင့်ပေါင်းစုံက စဉ်းစားဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
2018-09-05
သွားလာရေးခက်ခဲတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုက ၁၀ တန်းအောင်မြင်သူတွေအနေ နဲ့ ဆေးတက္ကသိုလ်တွေကို အမှတ်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-09-05
လားရှိုး- မန္တလေး ကားပေါ်ကနေ တရားမဝင်သယ်ဆောင်လာတဲ့ "ဒီတိုနေတာ" လို့ခေါ်တဲ့ ဖောက်ခွဲရေးလုပ်ငန်းသုံးပစ္စည်း တစ်သိန်းကျော်ကို ကျောက်မဲမြို့ တိုးဂိတ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်မဲမြို့မရဲစခန်းက သိရပါတယ်။
2018-09-05
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ဘဏ်မှာအပ်နှံထားတဲ့ လျော်ကြေး ထုတ်ယူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ကြားဝင် ဆွေးနွေးခဲ့ပေမယ့် ဒေသခံတွေက လက်မခံပဲ လျော်ကြေးငွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2018-09-05
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က မြန်မာအစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2018-09-05
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာမှာ နိုင်ငံတကာအဆင့်မီ ဟိုတယ် ဆောက်လုပ်ဖို့ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးသန်းရွှေရဲ့သား- ဦးထွန်းနိုင်ရွှေ ပိုင်တဲ့ “မြန်မာနိုင်ဂရု(ပ်) ကုမ္ပဏီ” က လုပ်ပိုင်ခွင့်ရထားတဲ့ သဘာဝကျွန်းမျော ဧက ၉ဝ နဲ့ ပတ်သက်ပြီး အင်းလေးကန်ရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားမှာ စိုးရိမ်တဲ့အတွက် ကန့်ကွက်မှုတွေရှိနေပါတယ်။
2018-09-05
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ စွဲချက်တင် စစ်ဆေးဖို့ ဗိုလ်တထောင်မြို့နယ် တရားရုံးက ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။
2018-09-05
လူမျိုးတုံးရှင်းလင်းမှုကို ဘယ်လိုပုံစံ ဘယ်လို အခြေအနေမျိုးမှာမှ လက်မခံနိုင်ဘဲ၊ တာဝန်ရှိသူတွေကို တရားဥပဒေအရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့် (Jeremy Hunt) က မနေ့က ပြောလိုက်ပါတယ်။
2018-09-05
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ကျခံရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ အပြစ်မရှိဘူးလို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဇနီးနှစ်ဦးက မနေ့က ပြောကြားပြီး သူတို့နှစ်ဦး မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်အောင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
2018-09-04
“မဘသ” အဖွဲ့ကို နာမည်ပြောင်းခဲ့တဲ့ “ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း” ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းနဲ့၊ အဲ့ဒီအဖွဲ့နာမည်ကို သုံးစွဲပြီး ဘယ်လိုလုပ်ငန်းကိစ္စမှ မဆောင်ရွက်ဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တားမြစ်ထားပေမယ့် အဖွဲ့အနေနဲ့ ဘာစည်းကမ်းမှ ဖောက်ဖျက်ထားတာ မရှိတဲ့အတွက် အဖွဲ့ရဲ့လုပ်ငန်းတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းရဲ့ ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါက မိန့်ကြားပါတယ်။ ေ
2018-09-04
အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ တရားမျှတမှု မရသလို၊ သူတို့ဟာ မွတ်စလင်တွေ အသတ်ခံရတဲ့သတင်းတင် မကဘဲ ဟိန္ဒူတွေ အသတ်ခံရတဲ့သတင်းနဲ့ အာဆာရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်သတင်းတွေလည်း ရေးခဲ့သူတွေဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
2018-09-04
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ဟာ တရုတ်အစိုးရရဲ့ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်းရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ဖြန်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။
2018-09-04
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဆည်မြောင်း တာတမံတွေ ထိန်းသိမ်းစရိတ်ဆိုပြီး ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ဘီလီယံ ၇ဝ တောင်းခံထားပါတယ်။
2018-09-04
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေပါတယ်။
2018-09-04
ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က အမျိုးသမီးတစ်ယောက်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးပြီး TNLA ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ အဲဒီအပေါ်မှာ လူငယ်အရပ်ဖက်အဖွဲ့တွေနဲ့ နမ့်ခမ်းဒေသခံတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။