သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-03
ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓောစေတီ အနောက် ဘက်မုဒ်ကကွင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲကို ဒီနေ့ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2015-01-02
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တွေဟာ လွှတ်တော်သက်တမ်း ၄ နှစ်တာ ကာလအတွင်း အာနည်းချက်၊ အားသာချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-02
ကျိုက်ထီးရိုးစေတီတော် ၃၇ ကြိမ်မြောက် ဆီမီးကိုးထောင် ပူဇော်ပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပခဲ့ရာမှာ ဘုရားဖူးဧည့်သည်တွေနဲ့ စည်ကားခဲ့ပါတယ်။
2015-01-02
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသားစကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံရေးလူမှုရေးနယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ ထူးထူး ခြားခြား မှတ်သားစရာ ပြောကြားချက်တွေကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
2015-01-02
တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲနိုင်ဖို့နဲ့ နိုင် ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို ABSDF ကျောင်းသားတပ်မတော်က တိုက် တွန်းဆွေးနွေးလိုက်ပါတယ်။
2015-01-02
တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းအတွင်းက လယ်သမားတွေ ရင်ဆိုင်နေရတဲ့ လယ်ယာမြေ ပြဿနာတွေအပြင် ရေလုပ် သားတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
2015-01-02
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၄ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စား လှယ်တွေတင်သွင်း တဲ့ ဥပဒေကြမ်းတွေကို အတည်ပြုပြဌာန်းခဲ့တာ မရှိ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ပြောပါတယ်။
2015-01-02
၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလကုန် နဲ့ နိုဝင်ဘာလဆန်းပိုင်းအတွင်း ကျင်းပဖို့ရှိတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြောပေမဲ့ ဒါဟာ ဥပဒေကြောင်းအရ တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက် မဟုတ်ဘူးလို့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ ဒါ့ကြောင့် NLD ပါတီရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာကို ပြောနိုင်ဖို့အတွက် ရွေးကောက် ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဦး မယ်လို့လည်း ဆိုပါတယ်။
2015-01-02
အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ပူးပေါင်းဆောင်ရွက်ရေး သုံးရက်ကြာ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လျှောက်ထားတင်ပြထားပါတယ်။
2015-01-02
မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပါတီနှစ် ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ နဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် ပါတီတို့ဟာ ကချင်အမျိုးသားကွန်ဂရက် ပါတီအမည်နဲ့ ပေါင်းစည်းလိုက်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။
2015-01-02
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးတိုးချဲ့ ခတ်ရာမှာပါသွားတဲ့ လယ်မြေဧက ၈ဝဝ မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် လျော်ကြေးငွေကို ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက် က တောင်သူတွေထံ ပေးအပ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။
2015-01-02
ဒီလ ၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပ မယ့် ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တက်ရောက်ဖို့အတွက် လွှတ်တော် ဥက္ကဌတွေနဲ့ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌတွေကို ဖိတ်ကြားထားသလို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၄ ဖွဲ့အပြင် လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေ ဆဲဖြစ်တဲ့ ကေအိုင်အေနဲ့ တအာင်းလွတ်မြောက်ရေးတပ် မတော် ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
2015-01-02
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်း ကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း အတွင်း ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့် ကို နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့်ထုတ်ပြန် လိုက်ပါတယ်။
2015-01-02
လွှတ်တော်သက်တမ်း ၄နှစ်တာကာလအတွင်း အားနည်းချက်၊ အားသာချက်တွေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်တွေ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ ရန်ကုန်မြို့ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာတွေ့ ဆုံ ဆွေးနွေးကြပါတယ်။
2015-01-01
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေ အနေတွေနဲ့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို "ပြည်သူသို့ အစီရင်ခံစာတင်ပြချက်"ဆိုတဲ့ခေါင်းစဉ် နဲ့ ရေဒီယိုကနေတဆင့် ဒီနေ့ မိန့်ခွန်းပြောကြား ခဲ့ပါတယ်။