ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ဒေါက်တာ ညိုညိုသင်း ဝေဖန်
2015.01.02

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၄ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စား လှယ်တွေတင်သွင်းတဲ့ ဥပဒေကြမ်းတွေကို အတည်ပြုပြ ဌာန်းခဲ့တာ မရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာ ကျင်းပတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၄ နှစ် တာသက်တမ်းကာလအတွင်း လွှတ်တော် အတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲမှာ ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
"တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီးသီး မှာ လွှတ်တော်ကိုယ်စားလှယ်တချို့သည် ဥပဒေကြမ်းတွေကို ကိုယ်တိုင်တင်သွင်းခဲ့တာတွေရှိပါတယ်၊ သို့သော်လည်းပဲ အစိုးရအဖွဲ့ဘက်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ဥပဒေကြမ်းတွေအပေါ်မှာ လိုလိုလားလားနဲ့ကြိုဆိုပြီးတော့ ဥပဒေအဖြစ်ပြဌာန်းခဲ့ဘူးတာမျိုးတွေ လုံးဝမရှိခဲ့ဘူး၊ ဥပဒေပြုရေးအခန်းကဏ္ဍမှာ အင်မတန်အားနည်း တာကို တွေ့ရတာပေါ့"
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ၄ နှစ်တာကာလအတွင်း ၇၆ ရက်သာ ကျင်းပနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို ဒါန-ရှေ့ဆောင် မြန်မာက ဦးစီးကျင်းပတာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ဥက္ကဌတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။