သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-03
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီမနက် ၈ နာရီလောက်က နန္ဒဝန်ရပ်ကွက်ကိုပိတ်ဆို့ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် သုံးဦး သေဆုံးပြီး၊ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2021-04-03
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့မှာ လုံးခင်းနှင့် မော်ဝမ်းရပ်ကွက်တို့က ပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကျဆုံးရေးအတွက် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2021-04-03
မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေ ချီတတ်ဆန္ဒပြခဲ့ကြပါတယ်။
2021-04-03
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်က ကျေးရွာတွေ စုပေါင်းပြီး စစ်အာဏာရှင် အလိုမရှိကြောင်း မုံလှရွာမှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံနဲ့သမ္မတ အပါအဝင် ဖမ်းဆီးခံရသူအားလုံး ကျန်းမာချမ်းသာပြီး အချုပ်အနှောင်ဘေးကနေ အမြန်ဆုံးကင်းလွတ်စေဖို့ ရွှေစည်းခုံစေတီနဲ့ မိုက်ကယ်စိန်ဘုရားကျောင်းမှာ ဒီနေ့ ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။
2021-04-03
ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဆန္ဒပြရင်း အဖမ်းခံလိုက်ရပြီး အင်းစိန်ထောင်မှာ ၂၁ ရက် နေခဲ့ရတဲ့ ကျောင်းသားလူငယ် သုံးယောက်ရဲ့အတွေ့အကြုံနဲ့ သူတို့ရဲ့ အယူအဆတွေ၊ နိုင်ငံကို ဖြစ်စေချင်တဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။
2021-04-03
KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ကြောင့် ဒေသခံတွေသေဆုံးတာ၊ ထွက်ပြေးနေရတာတွေကြောင့် ကန့်ကွက် ရှုတ်ချကြောင်း ဒီနေ့ PPST အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်ပါတယ်။
2021-04-03
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်နေတာကြောင့် နံနက် ၁၀ နာရီခွဲထိ အရပ်သား သုံးဦး ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ RFA က ကနဦး စုံစမ်းသိရပါတယ်။
2021-04-03
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်နေတာကြောင့် နံနက် ၁၀ နာရီခွဲထိ အရပ်သား သုံးဦး ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ RFA က ကနဦး စုံစမ်းသိရပါတယ်။
2021-04-02
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဦးသိန်းဦးနဲ့ ရန်ကုန်တိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးတို့ကို အင်းစိန်ထောင်မှာ ဧပြီ ၂ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။
2021-04-02
စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တချို့ အပါအဝင် ၂ဝ ဦး ကို ပုဒ်မ ၅ဝ၅ (က) နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပိုင် မြဝတီသတင်းက ကြေညာပါတယ်။
2021-04-02
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ မယဉ်သက်တင်ဟာ စင်္ကာပူနိုင်ငံက Singapore Institute of Management တက္ကသိုလ် (SIM) ကနေ စီးပွားရေးမဟာဘွဲ့ ရရှိထားတဲ့ ကျောင်းသူတစ်ဦး ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သူလို့ သိရပါတယ်။
2021-04-02
လုံခြုံရေးကောင်စီ အလှည့်ကျသဘာပတိ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Dang Dinh Quy က မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ၂၀၂၁ ဧပြီလ ၁ ရက်နေ့မှာ ဗီဒီယိုအွန်လိုင်းက တဆင့် ထုတ်ပြန်ခဲ့တာပါ။
2021-04-02
မုံရွာမြို့မှာ စစ်ကောင်စီကြောင့်သေဆုံးရတဲ့သူ အနည်းဆုံး ၁၅ ယောက်ရှိနေပြီး၊ အဖမ်းခံရတဲ့သူက ၃၀ ကျော်ရှိနေပါတယ်။ အဲဒီထဲမှာ ဗကသ၊ တကသ ကျောင်းသားမဂ္ဂခေါင်းဆောင်တွေလဲပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅(က) နဲ့တရားစွဲထားတယ်လို့ သိရပါတယ်။
2021-04-02
မြန်မာ-တရုတ်နယ်စပ်က ကျယ်ဂေါင်နဲ့ ရွှေလီမှာ ကိုဗစ်ရောဂါတွေ့သူ လေးဆယ်ကျော်ရှိလာနေပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေတယ်လို့ နယ်စပ်မှာနေထိုင်တဲ့ ကုန်သည်နဲ့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၂ ရက်နေ့အထိ လူပေါင်းလေးဆယ်ကျော်မှာ ပိုးတွေ့တယ်လို့ တရုတ်ဘက်က ထုတ်ပြန်ထားပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
2021-04-02
Wireless Broadband Data Service အင်တာနက်လိုင်းတွေကို ဧပြီလ ၁ ရက်နေ့ညကစပြီး ပိတ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာပဲ အင်တာနက်လိုင်းအချို့ ထပ်မံဖြတ်တောက်ခဲ့ပါတယ်။