မုံရွာမှာ ပစ်ခတ်နေ၊ သုံးဦး သေဆုံး
2021.04.03
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်နေတာကြောင့် နံနက် ၁၀ နာရီခွဲထိ အရပ်သား သုံးဦး ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ RFA က ကနဦး စုံစမ်းသိရပါတယ်။