သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-22
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒါဏ်တလ အမိန့်ချမှတ်လိုက်ပါတယ်၊ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်၊
2013-11-22
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလလကုန်ပိုင်းကစပြီး အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် ဗန်မော်ခရိုင် မန်စီမြို့နယ်၊ စီခမ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေကြပါတယ်၊ ဒီဒုက္ခသည်တွေရဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2013-11-21
၁၉၈၈ ခုနှစ်ကနေ အခုအချိန်ထိ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုမယ့်အစီအစဉ်တစ်ရပ်ကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နဲ့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့ပေါင်းပြီး စီစဉ်နေတယ်လို့ သိရပါတယ်။
2013-11-21
ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ်ခေါ်နေကြတဲ့ အစ္စလာမ်ဘာသာဝင် မျိုးနွယ်စု ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချပြီး ဖိအားပေးတာကို လက်မခံကြောင်း မြန်မာအစိုးရက တုံ့ပြန်ပြောဆိုလိုက် ပါတယ်။
2013-11-21
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီဒုက္ခသည်စခန်းကို သွားရောက် ကူညီခဲ့တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
2013-11-21
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က မဲပေးသူရဲ့အထောက်အထားတွေ ပါဝင်တဲ့ မဲပေးလက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောပါတယ်။
2013-11-21
ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့အတွက် စက်ရုံအလုပ်သမား ၆၀၀ ကျော်ဟာ ဒီကနေ့မှာ ၄ ရက်မြောက်နေ့အဖြစ် စက်ရုံရှေ့မှာ ဆက် လက်ဆန္ဒပြနေကြပါတယ်။
2013-11-21
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင် ၁၁ ယောက်ဟာ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အပါအဝင် ပြည်ပမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒီကနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လေယာဉ်ခရီး နဲ့ ရောက်ရှိလာကြပါတယ်။
2013-11-21
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။
2013-11-21
ကွယ်လွန်သူ ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့က အမရပူရမြို့မှာရှိတဲ့ တောင်လေးလုံးကျောင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-11-21
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရန်ကုန်မြို့ကိုရောက်နေတဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ ကချင်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့သလို သတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-11-21
ပြီးခဲ့တဲ့ရက်ပိုင်းက OIC ခေါ် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာခွင့်ရခဲ့သလို၊ တချိန်တည်းမှာပဲ နေရာအတော်များများမှာ ဆန့်ကျင်ကန့်ကွက်ကြတွေနဲ့လည်း ကြုံတွေ့ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးသိန်းအောင်က စုစည်းတင်ပြထားပါတယ်။
2013-11-21
ရန်ကုန် ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ "အီလန်-မြန်မာ" အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်အားခ တိုးမြှင့်ရရှိရေးအတွက် အလုပ်မဆင်းဘဲ သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-11-21
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၊ ပိတ်ပွဲအခမ်းအနားနဲ့ ဆုပေးပွဲကို နိုဝင်ဘာလ ၁၈ ရက်ညပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-11-20
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ကြတဲ့ ကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။